Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ Angelina Jolie နှင့် Brad Pitt

ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ Angelina Jolie နှင့် Brad Pitt

| No comment

Angelina Jolie ကတော့ Brad Pitt နဲ့ သူ့ရဲ့ကြားက  ညှိနှိုင်းလို့မရတဲ့ ပြဿနာတွေကို ဖော်ပြပြီး Brad Pitt ဆီက ကွာရှင်းဖို့လျှောက်ထားခဲ့ပါတယ်။

ဒီသတင်းကို အင်္ဂါနေ့မှာ TMZ က အရင်ဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ၂ နှစ်ကျော် လက်ထပ်ထားခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကွာရှင်းဖို့ Jolie ကလျှောက်ထားခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ Assoicated Press ကအတည်ပြုခဲ့ပါတယ်။

မိသားစုရဲ့ ကျန်းမာရေးအတွက် ဆုံးဖြတ်ပြီး လက်ထပ်ထားတာကို ဖျက်သိမ်းဖို့ လျှောက်ထားမည်ဖြစ်ကြောင်း Jolie ရဲ့ ရှေ့နေဖြစ်သူ Robert Offer က အင်္ဂါနေ့ကပြောခဲ့ကြောင်း The AP ကသတင်းပိုခဲ့ပါတယ်။

TMZ ရဲ့ဖော်ပြချက်အရ မင်းသမီးက သူတို့စုံတွဲရဲ့ ကလေး ၆ ယောက်ကို အုပ်ထိန်းခွင့်တောင်းဆိုခဲ့ပြီး ခွဲခွာခဲ့တဲ့ရက်စွဲကို စက်တင်ဘာလ ၁၅ ရက်တည်းအဖြစ် တရားဝင်လျှောက်ထားတဲ့နေရာမှာ ဖော်ပြထားပါတယ်။

“ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အခုအရေးကြီးဆုံးက ကလေးတွေကောင်းဖို့အတွက်ပါ။ ဒီလို အခက်အခဲတွေ ကြုံနေရတဲ့အချိန်အတွင်းမှာ ကလေးတွေကို သူတို့နဲ့ ထိုက်တန်တဲ့ လွတ်လပ်ခွင့်ပေးဖို့ သတင်းဌာနတွေကို တောင်းဆိုချင်ပါတယ်” လို့ Pitt က People ရဲ့ ဖော်ပြချက်တစ်ခုမှာပြောခဲ့ပါတယ်။

ကွာရှင်းရေးရှေ့နေ Laura Wasser နှင့် ရင်းနှီးတဲ့ TMZ က Jolie ကို လူသိများတဲ့ရှေ့နေက ကိုယ်စားပြုမည်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ Wasser က Billy Bob Thornton နှင့် ကွာရှင်းတုန်းကလည်း Jolie အတွက် ကိုယ်စားပြုပေးခဲ့ပါတယ်။

ကွာရှင်းဖို့ဆုံးဖြတ်ရတာဟာ Pitt ရဲ့ ကလေးတွေကို အုပ်ချုပ်တဲ့နည်းလမ်းကို Jolie က သဘောမကျတာကြောင့်ဖြစ်ပြီး အပြင်လူရဲ့ ပတ်သက်မှုမပါဝင်ကြောင်း TMZ က ထည့်ပေါင်းပြောကြားခဲ့ပါတယ်။

Jolie နှင့် Pitt တို့ဟာ ၁၀နှစ်နီးပါး ပတ်သတ်ဆက်နွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လက လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ကတည်းက လက်တွဲခဲ့တဲ့ စုံတွဲဟာ Pitt ဒီဇိုင်းထုတ်ထားတဲ့ စေ့စပ်လက်စွပ်ကို Jolie စတင်ဝတ်ဆင်ခဲ့ပြီး  ၂၀၁၂ ခုနှစ်မှာ စေ့စပ်ထားကို တရားဝင်ဖြစ်အောင်လုပ်ခဲ့ပါတယ်။

အဲ့ဒီနှစ်အစောပိုင်မှာပဲ ကလေးတွေအတွက် သူနှင့် Jolie တို့ လက်ထပ်ဖြစ်ဖို့ မျှော်လင့်ကြောင်း Pitt က THR ကို ပြောပြခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က Mr. and Mrs. Smith မှာအောင်မြင်စွာပါဝင်ခဲ့ပြီး မနှစ်က ကြော်ငြာနှင့် ဝေဖန်ရေးအရ အားရကျေနပ်စရာမကောင်းခဲ့တဲ့ By The Sea မှာ ပြန်လည်ဆုံဆည်းခဲ့ပါတယ်။ Pitt က အရင်က Jennifer Aniston နှင့် ၅ နှစ်ကြာလက်ထပ်ထားခဲ့ပါတယ်။

Jolie ကတော့ Jonny Lee Miller ပြီးတော့ Thornton နှင့်လက်ထပ်ထားခဲ့ပါတယ်။ နှစ်ယောက်စလုံနှင့် ၃ နှစ်စီကြာခဲ့ပါတယ်။

Pitt ကိုတော့ Rober Zemeckis ရဲ့ဇာတ်ကား Allied မှာ Marion Cotillard နှင့်အတူတွေ့ရမှာဖြစ်ပြိး နိုဝင်ဘာလ ၂၃ ရက်မှာ ရုံတင်မှာပါ။ သူက Charlie Hunnam  ပါဝင်တဲ့The Lost City of Z ကိုလည်း ထုတ်လုပ်သူအဖြစ်ဆောင်ရွက်ထားပြီး ၂၀၁၇ မှာ ထွက်ဖို့ မျှော်မှန်းထားပါတယ်။

 အောက်တိုဘာ ၂၁ ရက်မှာ ရုံတင်မည့် Moonlight အတွက်လည်း executive producer အဖြစ်ဆောင်ရွက်ထားပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Hollywood Reporter