Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဘရစ်တနီစပီးယားနဲ့အတူ သီချင်းတွဲလုပ်သွားမယ့် ဂျက်စတင်တင်းဘားလိတ်

ဘရစ်တနီစပီးယားနဲ့အတူ သီချင်းတွဲလုပ်သွားမယ့် ဂျက်စတင်တင်းဘားလိတ်

| No comment

မကြာသေးခင်ကမှ ဂျက်စတင်တင်းဘားလိတ်နဲ့အတူ သီချင်းတွဲလုပ်ချင်တယ်လို့ ဖွင့်ဟလာခဲ့တဲ့ ဘရစ်တနီစပီးယားကတော့ သူမရဲ့ ဆန္ဒတွေ အခုအချိန်မှာ ပြည့်ဝသွားခဲ့ပါပြီ။ ရည်းစားဟောင်းနဲ့အတူ သီချင်းလုပ်မှာလားလို့ မေးမြန်းခဲ့မှုကို “ဟုတ်ပါတယ်. ကျွန်တော်နဲ့အတူ သီချင်းတစ်ပုဒ်ကို ပူးပေါင်းလုပ်ကိုင်သွားမှာပါ။
အသေအချာပါပဲ” လို့ ဂျက်စတင်က ဖြေကြားခဲ့တာပါ။

ဂျက်စတင်တင်းဘားလိပ်ဟာ လောလောဆယ်မှာတော့ Netflix ရဲ့ အစီအစဉ်ဖြစ်တဲ့ “Justin Timberlake and the Tennessee Kids” အစီအစဉ်မှာပါဝင်လျက်ရှိနေပြီး မကြာခင်မှာ ဒီသီချင်းကို စတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဘရစ်တနီနဲ့ ဂျက်စတင်တို့ဟာဆိုရင်တော့ အရင်တုန်းက စုံတွဲတွေဖြစ်ခဲ့ဖူးကြပြီး ဂျက်စတင်ကတော့ အဲ့ဒီအချိန်တုန်းက ရိုးရိုးအဆိုတော်အဖွဲ့ဝင်အဖြစ်သာရှိနေခဲ့တာဖြစ်ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz