ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကေတီပယ်ရီကတော့ သူမကို ဝေဖန်ခဲ့တဲ့ ပရိသတ်တစ်ယောက်ကို တွစ်တာမှာ ပြန်လည် ပြောကြားခဲ့ပါတယ်။
ကေတီပယ်ရီရဲ့ သီချင်းသစ်ဖြစ်တဲ့ Rise ဟာ ထင်သလောက်အောင်မြင်မှုမရရှိခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး ပရိသတ်တစ်ဦးက သူမကို “Rise သီချင်းအောင်မြင်မှုကို ကြည့်မယ်ဆိုရင် နင့်ရဲ့ခေတ်ကုန်သွားပြီ။” လို့ ပြောကြားခဲ့တာကို ကေတီက “သင့်ကို ကိုယ့်ရဲ့ ၂၀၁၇မှာ လုပ်မယ့် ရှိုးပွဲမှာ တွေ့ချင်ပါတယ်” လို့ ပြန်လည် တုံ့ပြန်ရေးသားခဲ့တာပါ။
ကေတီပယ်ရီဟာဆိုရင်တော့ ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Prism” အယ်လ်ဘမ်ထွက်ရှိပြီးတဲ့နောက်မှာ အယ်လ်ဘမ်သစ်နောက်တစ်ခု ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ပြီး ကြားထဲမှာ ထွက်ရှိခဲ့တဲ့ Single သီချင်းတွေကလည်း ထင်သလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒါ့ကြောင့် ကေတီပယ်ရီဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ သူမရဲ့ ပဉ္စမမြောက် အယ်လ်ဘမ်ကို ထွက်ရှိနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို ဝေဖန်မှုတွေ ခံနေရတဲ့ ကေတီပယ်ရီကတော့ သူမပြောထားတဲ့အတိုင်း ၂၀၁၇ ခုနှစ်တွင်းမှာ အောင်မြင်မှုသရဖူဆောင်းပြီး ဖျော်ဖြေပွဲမှာ တွေ့နိုင်မလားဆိုတာကတော့..
( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : MTV