“This Is What U Came For” သီချင်းနဲ့ လောလောဆယ်မှာ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူထားနိုင်ခဲ့တဲ့ DJ နဲ့ သီချင်းဖန်တီးသူ Calvin Harris ဟာဆိုရင်တော့ မကြာသေးခင်ကမှ single ပြန်ဖြစ်သွားတဲ့ အဆိုတော် ဂျနီဖာလိုပက်ဇ်နဲ့အတူ date လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
Taylor Swift ရဲ့ ရည်းစားဟောင်းလည်းဖြစ်ခဲ့တဲ့ Calvin ကတော့ Taylor နဲ့ လမ်းခွဲပြီးတည်းက အနုပညာအလုပ်တွေကိုသာ တစ်စိုက်မတ်မတ်ပြန်လည်ပြုလုပ်နေလျက်ရှိနေခဲ့တာပါ။ J.Lo ကတော့ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းအတွင်းက ချစ်သူ အကသမား ကတ်စပါစမတ်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ တစ်ယောက်တည်းပြန်ဖြစ်နေခဲ့တာပါ။
J.Lo နဲ့ Calvin တို့ကတော့ လတ်စ်ဗီးဂတ်စ်က ဟိုတယ်တစ်ခုမှာ အချိန်အတော်ကြာ အတူရှိနေခဲ့ကြပြီး နှစ်ယောက်ပေါင်းပြီး music project တစ်ခုကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောထားခဲ့ပေမယ့် သတင်းတွေအရတော့ သူတို့နှစ်ယောက်ဟာ နီးနီးစပ်စပ်ရှိနေကြပြီး နှစ်ယောက်တွဲနေတာကို မီဒီယာတွေ မြင်မသွားအောင် အထူးဂရုပြုနေထိုင်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မကြာခင်မှာ Calvin နဲ့ J.Lo တို့ရဲ့ အချစ်ရေးကိစ္စတွေကို ထပ်ပြီး မြင်တွေ့ရအုံးမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။
( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Aceshowbiz