Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မိသားစုအတွက် အချိန်ပေးဖို့ ၆ လကြာ အနားယူမည့် Chris Pratt

မိသားစုအတွက် အချိန်ပေးဖို့ ၆ လကြာ အနားယူမည့် Chris Pratt

| No comment

ဇာတ်ကား ၃ ကားမှာ ဆက်တိုက်ပါဝင်ပြီးတဲ့နောက်မှာ ဇနီးနှင့် သားအတွက် ဦးစားပေးဖို့ အချိန်တန်ပြီဖြစ်ကြောင်း Chris Pratt ကပြောခဲ့ပါတယ်။

မိသားစုအတွက် အချိန်ပေးဖို့ ခဏအနားယူမည်ဖြစ်ကြောင်းကို “Magnificent 7” မှာပါဝင်ခဲ့တဲ့ မင်းသားက Parade ကို “ကျွန်တော် လမ်းပေါ်ရောက်နေတာ ၁၄ လလောက်ရှိပြီ။ ဇာတ်ကား ၃ ကားကို ဆက်တိုက် ဆက်တိုက်ရိုက်ခဲ့ပြီးပြီဆိုတော့ ၆ လလောက်နားဦးမယ်” လို့ပြောပြခဲ့ပါတယ်။

Pratt နှင့် ဇနီးဖြစ်သူ Anna Faris မှာ ၃နှစ်အရွယ် Jack ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ အသက် ၃၇ နှစ်အရွယ်မင်းသားက သားနှင့်အတူ အချိန်တွေကုန်ဆုံးဖို့ စိတ်လှုပ်ရှားနေကြောင်းကို “ကျွန်တော် Jack ကို Jack’s Beach ကို ခေါ်သွားမယ်။ ကျွန်တော် ရထားတဲ့ San Juan Islands ပေါ်က ကျွန်းလေးမှာရှိတဲ့ ကမ်းခြေလေးကို သူ့အတွက်နာမည်ပေးထားတယ်” လို့ပြောပြခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် Faris ကလည်း “လွန်ခဲ့တဲ့ တစ်လခွဲလောက်တုန်းက ခဏသွားလည်ရင်နဲ့ ခံတပ်ဆောက်ခဲ့တဲ့နေရာကို ပြန်သွားပြီး ရှိသေးရဲ့လားလို့ ကြည့်ဦးမယ်။ မရှိတော့ရင် ထပ်ဆောက်ရမှာပေါ့” လို့ပြောပြခဲ့ပါတယ်။

( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET Canada