Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တက်တူးဆင်တူထိုးထားတဲ့ Drake နဲ့ ရီဟားနားတို့ စုံတွဲ

တက်တူးဆင်တူထိုးထားတဲ့ Drake နဲ့ ရီဟားနားတို့ စုံတွဲ

| No comment


နာမည်ကျော်အဆိုတော်စုံတွဲဖြစ်တဲ့ Drake နဲ့ ရီဟားနားတို့စုံတွဲဟာဆိုရင်တော့ နှစ်ဦးကြားအချစ်မှတ်တိုင်အဖြစ် ဆင်တူတက်တူးတစ်ခုထိုးထားတယ်လို့ သိရပါတယ်။


အပေါ်မှာပြသထားတဲ့ Drake ရဲ့ ပုံမှာတော့ ရီဟားနားရဲ့ မျက်နှာပုံတက်တူးကို Drake ရဲ့ လက်မောင်း အရှေ့ဘက်မှာ ထိုးထားတာကို တွေ့မြင်ရမှာပါ။ ဒီလိုမျိုးဆင်တူတက်တူးထိုးတာဟာဆိုရင်တော့ နှစ်ဦးကြား ခိုင်မြဲတဲ့ အချစ်မှတ်တိုင်တစ်ခုကို စိုက်ထူထားနိုင်ပြီဆိုတာကို ပြသလိုတဲ့ သဘောလည်းဖြစ်တယ်လို့ သိရပါတယ်။

2016 MTV VMA ဆုပေးပွဲမှာ ရီဟားနားကို Video Vanguard ဆု ချီးမြှင့်ပေးခဲ့တဲ့ Drake ဟာ ဆိုရင်တော့ သူနဲ့ ရီဟားနားတို့ ချစ်ကြိုက်နေတာဟာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီဆုပေးပွဲအပြီးမှာတော့ ရီဟားနားနဲ့ Drake တို့ဟာ တက်တူးဆရာအချို့ကို ဖိတ်ကြားပြီး ဆင်တူတက်တူးထိုးထားဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : MTV