Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Instagram မှာ Follower သန်း ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ ဆလီနာဂိုးမက်ဇ်

Instagram မှာ Follower သန်း ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ ဆလီနာဂိုးမက်ဇ်

| No comment

စိတ်ဒဏ်ရာတွေကြောင့် ဂီတလောက ကနေ ခဏတာ အနားယူမယ်လို့ ပြောကြားခဲ့တဲ့ ဆလီနာဂိုးမက်ဇ်အတွက်တော့ စိတ်ကျေနပ်စရာ ဂုဏ်ပုဒ်တစ်ရပ်ထပ်တိုးလာပါပြီ။ သူမဟာဆိုရင်တော့ Instagram လူမှုကွန်ရက်စာမျက်နှာမှာ follower သန်း ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။

အသက် ၂၄ နှစ်အရွယ် အဆိုတော်ဟာ ဆိုရင်တော့ တေလာဆွစ်ဖ် ( follower ၉၁.၄သန်း ) ၊ ဘီယွန်းစေး (follower ၈၅.၃သန်း) နဲ့ ကင်မ်ကာဒစ်ရှန် (follower ၈၃.၆သန်း) တို့ကို ကျော်ဖြတ်ပြီး ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။

ဆလီနာဟာဆိုရင်တော့ သူမရဲ့ Instagram စာမျက်နှာကို လွန်ခဲ့တဲ့ ခြောက်လာက စတင်ပြီး Update မပြုလုပ်တော့ဘဲ နေခဲ့တာပါ။ ဒါပေမယ့်လည်း သူမအတွက်မှတ်တိုင်တစ်ခုကတော့ အခုလိုပဲ စိုက်ထူထားနိုင်ခဲ့တာကို တွေ့ရပါတယ်။


သူမဟာဆိုရင်တော့ တစ်ခြားသော အမျိုးသားအနုပညာရှင်တွေ ၊ ထင်ရှားကျော်ကြားသူတွေကို ကျော်ဖြတ်ပြီး အခုလို follower သန်း ၁၀၀ ပြည့်မြောက်ခဲ့တာပါ။

ဆလီနာဂိုးမက်ဇ်ဟာဆိုရင်တော့ လောလောဆယ်မှာ လက်စ်ပတ်စ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး Revival အယ်လ်ဘမ် ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုတော့ ဆက်လက် ဖျော်ဖြေနေဆဲဖြစ်ပါတယ်။ သူမကတော့ ဒီဖျော်ဖြေပွဲတွေအပြီးမှာတော့ သူမရဲ့ ဂီတလှုပ်ရှားမှုတွေကို ရပ်နားထားမှာဖြစ်ပြီး အချိန်ကာလဘယ်လောက်ကြာကြာ အနားယူမယ်ဆိုတာတော့ မသိရသေးပါဘူး။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz