Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kanye West ပါဝင်အားဖြည့်သီဆိုထားတဲ့ Juicy J ရဲ့ သီချင်းသစ် ‘Ballin’ ထွက်ရှိလာ

Kanye West ပါဝင်အားဖြည့်သီဆိုထားတဲ့ Juicy J ရဲ့ သီချင်းသစ် ‘Ballin’ ထွက်ရှိလာ

| No comment

နာမည်ကျော် ရက်ပ်အဆိုကျော်တစ်ယောက်ဖြစ်တဲ့ Juicy J ကတော့ Kanye West ပါဝင် အားဖြည့်သီဆိုထားတဲ့ ‘Ballin’ သီချင်းကတော့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Juicy J က သူ့ရဲ့ အယ်လ်ဘမ်သစ် “Rubba Band Business: The Album” မှာ ထည့်သွင်းသွားမှာဖြစ်ပြီး အမြည်းသဘောအနေနဲ့ ပရိသတ်တွေကို ချကြွေးလိုက်တာပါ။

ဒီသီချင်းကိုတော့ Three 6 Mafia ရက်ပ်ပါတွေဖြစ်ကြတဲ့ TM88 နဲ့ Crazy Mike တို့က ဖန်တီးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ‘Ballin’ သီချင်းအစမှာတော့ Kanye က  "And I'm ballin' "  လို့ စတင်သီဆိုထားပြီး "Let 'em all in/ Let them fall in it/ Let them play with all the dollars/ Let them bathe in it/ House so large, put a maze in it/ I'm the type that take your chick out for lunch/ In the middle of the White House lawn/ Then switch up, start filming porn/ Might tell the First Lady she can join." စတဲ့ စာသားတွေကို Juicy J က ဆက်လက်သီဆိုသွားခဲ့ပါတယ်။

သီချင်း MTV ကိုတော့ ဒီနေ့မှာ စတင်ထွက်ရှိပေးသွားမှာဖြစ်ပြီး Jay Z ရဲ့ Tidal Music အက်ပလီကေးရှင်းမှာ ကနဦးအနေနဲ့ စတင်ဖြန့်ချိပေးသွားမှာပါ။ Juicy J နဲ့ Kanye တို့ဟာဆိုရင်တော့ “Side To Side” သီချင်းမှာ ၂၀၀၆ ခုနှစ်တုန်းက စတင်တွဲဖက် လုပ်ကိုင်ခဲ့ပြီး ဆယ်နှစ်အကြာမှ ပြန်လည် လက်တွဲလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

Juicy J ရဲ့ အယ်လ်ဘမ်သစ် “Rubba Band Business: The Album” မှာတော့ နောက်ထပ် ရက်ပါတစ်ယောက်ဖြစ်တဲ့ Travis Scott လည်း ပါဝင်အားဖြည့် သီဆိုထားတယ်လို့ သိရပါတယ်။ Kanye West ကတော့ Justin Bieber , Pharrell Willams တို့နဲ့အတူ သီချင်းကောင်းတွေထွက်ရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz