ပြီးခဲ့တဲ့ လေးလလောက်တုန်းက Leonardo DiCaprio ဟာချစ်သူဖြစ်တဲ့ Nina Agdal နဲ့ အတူ ပြန်လည်ပေါင်းဖက်ခဲ့ပြီးနောက်မှာ ယခုအခါ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက နယူးယော့ခ်မြို့တော်ရဲ့ မန်ဟက်တန်မှာ ကဗျာဆန်တဲ့ ညစာကို စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၄၁နှစ်အရွယ် အော်စကာဆုရှင်နဲ့ အသက် ၂၄နှစ်အရွယ် မော်ဒယ်တို့ဟာ အီတလီစားသောက်ဆိုင်တစ်ခုရဲ့ အပေါ်ထပ်ကနေ အတူတကွ ပြန်ထွက်လာတာကို တွေ့ရှိခဲ့ကြရတာပါ။
ပြီးခဲ့တဲ့ နှစ်တုန်းက ခွာပြဲသယောင် သတင်းထွက်ခဲ့ပေမယ့် မင်းသားကြီးအနေနဲ့ ဒိန်းမတ်မော်ဒယ်နဲ့ ပြန်တွဲခုတ်နေကြတာကို ပြီးခဲ့တဲ့ မေလလောက်တုန်းက ပြန်လည်တွေ့မြင်လာကြပါတယ်။
ဒီလို မဒိတ်ခင်မှာလည်း Nina ဟာ GYM မှာ အကြာကြီးဆော့ခဲ့သေးတယ်လို့ သတင်းတွေက ရေးသားခဲ့ကြတာကြောင့် Leonardo ရဲ့ ညစာကတော့ စိတ်ဝင်စားစရာပါပဲ။
( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref: Daily Mail