Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mac Miller က Ariana Grande နဲ့ သူ ချစ်ကြိုက်ခဲ့ရတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟ

Mac Miller က Ariana Grande နဲ့ သူ ချစ်ကြိုက်ခဲ့ရတဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟ

| No comment

Mac Miller ကတော့ မကြာသေးခင်ကမှ Ariana Grande နဲ့ ချစ်ကြိုက်နေခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာတော့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လည်းဖြစ်တယ်လို့ Ariana Grande ကို ညွှန်းဆိုလိုက်ပါတယ်။

 People မဂ္ဂဇင်းကို သူတို့နှစ်ယောက်ချစ်သူဖြစ်နေတယ်လို့ ဖွင့်ဟခဲ့တဲ့ Mac Miller ကတော့ လောလောဆယ်မှာ သူတို့ရဲ့အတွဲအကြောင်းတွေကို #Maciana လို့ ဆိုတဲ့ tag နဲ့ တွဲပြီးတင်နေပါတယ်။

သူတို့နှစ်ယောက်ဟာဆိုရင်တော့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက “The Way” ဆိုတဲ့ သီချင်းကို စတင်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတာပါ။

“ကျွန်တော်သူနဲ့ တွေ့ခဲ့ရတာကံကောင်းပါတယ်။ တလွဲတစ်ချော်တွေ ၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေတော့ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ကျွန်တော်တို့နှစ်ယောက်လုံးက စတွေ့တုန်းက ပိုပြီးအသက်ကြီးလာသလို ၊ ပိုပြီးလည်း ရင့်ကျက်လာပါပြီ။ နှစ်ယောက်ကြားမှာတော့ ပိုပြီးအကြောနပ်နေပြီလေ။ အသံစသွင်းရင်းနဲ့တွေ့ကြတော့ နှစ်ယောက်လုံးက အသက်ငယ်သေးတယ်။ ” လို့ Mac က ပြောကြားခဲ့ပါတယ်။

Mac ဟာဆိုရင်တော့ “My Favourite Part” ဆိုတဲ့ သီချင်းကို Ariana နဲ့ပြန်လည် လုပ်ကိုင်ရင်းနဲ့ ပိုပြီး နီးစပ်လာခဲ့တာပါ။ ဒီသီချင်းကတော့ Mac ရဲ့ နောက်ထွက်မယ့် အယ်လ်ဘမ်သစ်မှာ ပါဝင်မှာပါ။ Mac ကတော့ သူတို့နှစ်ယောက်အခုလို ချစ်ကြိုက်ရတာဟာ သူငယ်ချင်းသံယောဇဉ်ကနေတစ်ဆင့် အစပျိုးခဲ့တာဖြစ်ပြီး သူကလည်း ကိုယ့်အပေါ်အရမ်းဆိုး ၊ အရမ်းလည်း သိတတ်တဲ့ ဘေဘီလေးပါလို့ Mac က ပြောကြားခဲ့ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV