Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘Man Of Steel’ ဇာတ်လမ်းအဆက်မှာလည်း Superman အဖြစ်ဆက်လက်သရုပ်ဆောင်သွားမယ့် Henry Cavill

‘Man Of Steel’ ဇာတ်လမ်းအဆက်မှာလည်း Superman အဖြစ်ဆက်လက်သရုပ်ဆောင်သွားမယ့် Henry Cavill

| No comment

Superman က “Justice League” ဇာတ်ကားအတွက် ပြန်ပါလာမယ်ဆိုတာကို အားလုံးသိပြီးသားပါ အခုတော့ Henry Cavill ရဲ့ မန်နေဂျာက တစ်ကိုယ်တော် ‘Man Of Steel’ ဇာတ်လမ်းအဆက်မှာ ပြန်လည်ပါဝင်မယ်ဆိုတာကို အတည်ပြုပေးလိုက်ပါတယ်။

“Henry ကအရမ်းစိတ်အားထက်သန်ပါတယ်။ သူ့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Promethean အတွက် အစီစဉ်တွေဆွဲတယ်၊ ပိုင်ဆိုင်မှုရအောင်လုပ်နေတာ ၅လလောက်ရှိပါပြီ။ အခု “Justice League” ဇာတ်ကားရိုက်နေတယ်။ Superman တစ်ကိုယ်တော်ဇာတ်ကားအတွက်လည်း ဇာတ်အိမ်တည်ဆောက်ရင်း အဲ့ဒီကမ္ဘာကို ချဲ့ထွင်နေပါတယ်” လို့ မန်နေဂျာ Dany Garcia က Newsweek ကိုပြောပါတယ်။

“အခုကနေ နောက်တစ်နှစ် နှစ်နှစ်လောက်ဆိုရင် တစ်ကမ္ဘာလုံးသိလာကြတော့မှာပါ” လို့လည်း Garcia ကထပ်ပြောခဲ့ပါသေးတယ်။

ဒါကတော့ လတ်တလောမှာထွက်ထားတဲ့ “Suicide Squad” ၊ “Justice League” နှင့် Ben Affleck သရုပ်ဆောင်ပြီး ရိုက်ကူးမည့် “Batman” တစ်ကိုယ်တော်ဇာတ်ကား အပါအဝင် ပိတ်ကားပေါ်က DC Comics Universe ကို အကြီးအကျယ် ချဲ့ထွင်လာမည့် နိမိတ်ဖြစ်ပါတယ်။

( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI