Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Marilyn Monroe ရဲ့နာမည်ကျော် “ံHappy Birthday, Mr.President” ဝတ်စုံကိုရောင်းချမည်

Marilyn Monroe ရဲ့နာမည်ကျော် “ံHappy Birthday, Mr.President” ဝတ်စုံကိုရောင်းချမည်

| No comment

၁၉၆၂ခုနှစ် မေလတုန်းက ဧည့်သည် ၁၅,၀၀၀ ကျော်ရှေ့မှာ ဝတ်ဆင်ပြီး သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ၄၅နှစ်ပြည့်မွေးနေ့ကို ဆုတောင်းပေးခဲ့တုန်းက ဝတ်ဆင်ခဲ့တဲ့ မာရီလင်မွန်ရိုးလ်ရဲ့ နာမည်ကျော်ဝတ်စုံကို ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီဝတ်စုံကို ဝတ်ဆင်ပြီး Performance လုပ်ခဲ့တဲ့ မွန်ရိုးရဲ့ ပုံစံဟာ သမိုင်းတွင်လောက်အောင်ကို ကျန်ရစ်စေခဲ့ပြီး ဝတ်စုံဟာလည်း မွန်ရိုးရဲ့ အမှတ်ရစရာတစ်ခုလိုဖြစ်စေခဲ့ပါတယ်။ မွန်ရိုးကအဲ့ဒီဝတ်စုံကို “Skin and beads” လို့ခေါ်ခဲ့ပြီး စိန်အတုပေါင်း ထောင်ပေါင်းများစွာကို ကြယ်ရောင်ပုံစံတပ်ဆင်ထားခဲ့တာကြောင့် ရိုးရှင်းပြီးအလှကိုပေါ်လွင်စေတဲ့အတွက် ဒီနေ့ခေတ်အထိ တသသပြောနေကြဆဲ ဝတ်စုံတစ်ခုဖြစ်ပါတယ်။

ဒီ Performance ဟာ မွန်ရိုးရဲ့ အံ့အားသင့်ဖွယ် မသေဆုံးခင်သုံးလအလိုမှာ လူရှေ့ထွက်ခဲ့တဲ့ ရှားရှားပါးပါးပွဲတွေထဲက တစ်ခုဖြစ်ပြီး ချစ်ကြိုးသွယ်ခဲ့တယ်လို့ သတင်းရှိခဲ့တဲ့ သမ္မတကြီး JFK နဲ့လည်း နောက်ဆုံးအနေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဝတ်စုံကို နောက်ဆုံးအနေနဲ့ ၁၉၉၉ခုနှစ်တုန်းက ဒေါ်လာ တစ်သန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။


( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Home & Style