Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Marvel က Benedict Cumberbatch အတွက် Doctor Strange ဇာတ်ကားရုံတင်ရက်ကို နောက်ဆုတ်ခဲ့

Marvel က Benedict Cumberbatch အတွက် Doctor Strange ဇာတ်ကားရုံတင်ရက်ကို နောက်ဆုတ်ခဲ့

| No comment

Benedict Cumberbatch က Doctor Strange အဖြစ်သရုပ်ဆောင်ဖို့ အခွင့်အရေးကို ဆုံးရုံးရတော့မလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Marvel က သူ့ကို ဒီကောင်အဖြစ် အရမ်းသရုပ်ဆောင်စေချင်တဲ့အတွက် အချိန်ဇယားနှင့်ကိုက်ညီအောင် ဇာတ်ကားရုံတင်ရက်ကို နောက်ဆုတ်ပေးခဲ့တာဖြစ်ကြောင်း မကြာသေးခင်က ပြောပြခဲ့ပါတယ်။

“ကျွန်တော် တကယ် လက်လွှတ်လိုက်ရတော့မယ်လို့ ထင်ခဲ့တာ” လို့ Cumberbatch က Empire မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ လူကြိုက်များလှတဲ့ သရုပ်ဆောင်ဟာ Sherlock ဇာတ်လမ်းတွဲအပြင် လန်ဒန်က စင်မြင့်ပေါ်မှာ Hamlet အဖြစ်သရုပ်ဆောင်ဖို့ကိုလည်း အာရုံစိုက်ထားတာဖြစ်ပါတယ်။

Marvel က ဒီဇာတ်ကောင်အတွက် Joaquin Phonex ၊ Ryan Gosling ၊ Jared Leto တို့ကိုလည်း လျာထားပေမယ့် ဒါရိုက်တာ Scott Derrickson က “Cumberbatch ကိုသာ အလေးအနက်ထားပြီး စဉ်းစားခဲ့ကြောင်း” ပြောပြခဲ့ပါတယ်။ Marvel Studio ဥက္ကဋ္ဌ Kevin Feige ကလည်း သဘောတူခဲ့ပါတယ်။ “Benedict ပဲ ဖြစ်ရမှာပေါ့” လို့ သူက ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း နဂိုက ၂၀၁၆ ခုနှစ် နွေရာသီမှာထွက်ဖို့လုပ်ထားပေမယ့် လက်ရှိအတိုင်းဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

“ထုံးစံအတိုင်းဆိုရင်တော့ လာပြောတဲ့အချိန်မှာ မလုပ်နိုင်ရင် သွားပြီပဲလေ။ ဒါကြောင့် ကျွန်တော့်ဆီပြန်ရောက်လာတာကတော့ ကျွန်တော့်အတွက် သူတို့ပေးတဲ့ အကြီးမားဆုံး ချီးမွမ်းမှုပါပဲ။ သူတို့ရဲ့ယုံကြည်မှုကို ကြိုးစားပြီးဖြည့်ဆည်းပေးဖို့ တွန်းအားဖြစ်ခဲ့ပါတယ်” လို့ Cumberbatch က ပြောပြခဲ့ပါတယ်။

အခုတော့ Cumberbatch ကို Doctor Strange ဇာတ်ကားထဲမှာ ကျော်ကြားတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဖြစ်ပြီး အကြီးအကျယ်ထိခိုက်စေခဲ့တဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက် လက်တွေကို အသုံးမပြုနိုင်တော့တဲ့ Stephen Strange အဖြစ်တွေ့မြင်ရမှာပါ။ ကုသနိုင်ဖို့အတွက် အသည်းအသန်လိုက်ရှာရာက နီပေါကို ရောက်သွားပြီး The Ancient One နှင့် မှော်ပညာတွေရှိနေတဲ့ ကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ Tilda Swinton ၊ Chiwetel Ejilfor ၊ Mads Mikkelsen ၊ Rachel McAdams နှင့် Benedict Wong တို့လည်းပါဝင်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : EW