Kim ကတော့ သူ့ရဲ့ ခန္ဓာကိုယ်မှာ ပေါင်၇၀လောက်ကျသွားတာကို ပြချင်တာလားတော့မသိပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Kim အနေနဲ့ တစ်ကိုယ်လုံးဗလာကျင်းပြိး ရိုက်ထားတဲ့ selfie ကို ထပ်မံပြသခဲ့ပါတယ်။
အသက်၃၅နှစ်အရွယ် Kim ဟာ ဒီ Selfie ကို မိုင်ယာမီမှာရှိတဲ့ ဟိုတယ်ထဲမှာ ရိုက်ထားခဲ့တာဖြစ်ပြီး ပုံကို Social Media ဖြစ်တဲ့ Snapchat မှာ တင်ပြီး ထပ်မံပြသခဲ့တာပါ။ Kim အနေနဲ့ သူမရဲ့ ရင်သားတွေကို လက်မောင်းနဲ့ အုပ်ပြီးရိုက်ထားခဲ့တာဖြစ်ပါတယ်။ ကောက်ကြောင်းအလှပိုင်ရှင်ဖြစ်တဲ့ သူမဟာ သူမရဲ့ မျက်နှာကိုလည်း ဖုန်းနဲ့ ကွယ်ထားခဲ့ပါတယ်။
ကလေးနှစ်ယောက်အမေအနေနဲ့ အဆိုပါဗီဒီယိုနဲ့အတူ “နေလောင်နေတဲ့မင်းတို့ကို ညလယ်မှာ စပရေးဖြန်းပေးလိုက်ပြီ” ဆိုပြီးရေးထားခဲ့ပါတယ်။ အဲ့ဒီညနေက Kim ဟာ ယောက်ျားဖြစ်သူ Kanye West နဲ့ ညီမတွေဖြစ်တဲ့ Kourtney, Khloe တိုနဲ့အတူ ညနေစာစားခဲ့ကြပါတယ်။
( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref: Daily Mail