Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သုံးလကြာလက်တွဲခဲ့တဲ့ အချစ်ရေးတွေ ပြတ်စဲသွားပြန်ပြီဖြစ်တဲ့ Taylor Swift နဲ့ Tom Hiddleston

သုံးလကြာလက်တွဲခဲ့တဲ့ အချစ်ရေးတွေ ပြတ်စဲသွားပြန်ပြီဖြစ်တဲ့ Taylor Swift နဲ့ Tom Hiddleston

| No comment

Taylor Swift နဲ့ Tom Hiddleston တို့ဟာ သူတို့ရဲ့ သုံးလကြာလက်တွဲခဲ့တဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ People နဲ့ Daily Mail တို့က ဖော်ပြခဲ့ကြပါတယ်။ “ဒါဟာ အခင်မင်မပျက်တဲ့ လမ်းခွဲမှုပါပဲ” လို့ ရင်းမြစ်တစ်ခုက ဆိုခဲ့တာပါ။

ဒီလိုပြတ်စဲသွားမှုဟာ သူတို့ရဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ရက် တုန်းက စားသောက်ဆိုင်တစ်ဆိုင်မှာ အတူတကွ မြင်တွေ့ခဲ့ရတဲ့နောက်ဆုံး ဓာတ်ပုံတွေထွက်လာပြီး အခုလိုသတင်းထွက်ပေါ်လာခဲ့တာပါ။

အသက် ၂၆နှစ်အရွယ် ပေါ့ပ်စတားနဲ့ အသက် ၃၅နှစ်အရွယ် ဟောလီးဝုဒ်မင်းသားတို့ဟာ သူတို့ရဲ့ ချစ်ဇာတ်လမ်းတွေ ထွက်လာပြီး သုံးလမပြည့်မီအချိန်အတွင်းမှာ ပြတ်စဲသွားကြတာပါ။

 တေလာဆွစ်ဖ်အနေနဲ့ ယခင်ကလည်း ရည်းစားများစွာ ထားခဲ့ဖူးပြီး မကြာခနပြတ်စဲ ရာမှာ နာမည်ကြီးပေမယ့် Tom Hiddleston နဲ့ လက်တွဲရာမှာတော့ နှစ်ဖက်မိဘတွေကို တွေ့ဆုံခဲ့တာကြောင့် တေလာဆွစ်ဖ်တစ်ယောက် အချစ်စစ်နဲ့ များတွေ့ရှိခဲ့ပြီလားလို့ ထင်ခဲ့ကြပေမယ့် အခုလို သတင်းထွက်ပေါ်လာတာပါ။

 ဒါကြောင့် တေလာဆွစ်ဖ်ရဲ့ နောက်ထပ် နှလုံးသားနားခိုရာမှတ်တိုင်က ဘယ်သူလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

(Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: People