Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထုတ်မယ့် Zayn Malik

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထုတ်မယ့် Zayn Malik

| No comment

Zayn Malik က သူ့အကြောင်းကို စာအုပ်ထုတ်ရလောက်တဲ့အထိ အောင်မြင်တဲ့အဆင့်ကိုရောက်လာပြီဆိုတာ တရားဝင်ပါပဲ။

One Direction အဖွဲ့ဝင်ဟောင်းဖြစ်ပြီး လတ်တလောမှာ တစ်ကိုယ်တော်အဆိုတော်ဖြစ်သူဟာ ဒီဆောင်းရာသီမှာ သူ့စိတ်ထဲကို ထဲထဲဝင်ဝင်ဖော်ပြထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထုတ်မှာဖြစ်ပါတယ်။

Zayn လို့နာမည်ပေးထားတဲ့ ဒီစာအုပ်ကို သူ့ဘဝခရီးလမ်းကို ဓာတ်ပုံဖြင့်ဖော်ပြထားပြီး ကိုယ်ရေးကိုယ်တာဇာတ်လမ်းတွေ၊ တစ်ခါမှမမြင်ဖူးသေးတဲ့ ဓာတ်ပုံတွေနှင့် ပန်ချီကားတွေပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

“သတင်းတွေနဲ့ သူများတွေပြောနေကြတာတွေကနေမဟုတ်ဘဲ ကျွန်တော်ကို သေချာသိပြီးမှ ဆုံးဖြတ်လို့ရအောင် ဖော်ပြလို့ရသမျှ ဖော်ပြသွားမှာပါ” လို့ Zayn က စာအုပ်ရဲ့ အဖွင့်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါဆိုရင် ဒါက Directioner တွေအားလုံး အလိုရှိပြီး ကြောက်လန့်နေတဲ့ အကုန်လုံးကိုဖွင့်ချထားတာမျိုးလား? နိုဝင်ဘာလ ၁ ရက်နေ့မှာ စာအုပ်ထွက်လာတဲ့အခါ သိရတော့မှာပါ။ ဒီကြားထဲမှာတော့ Zayn ရဲ့ boy band – centric TV drama ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ Bradford မြို့သားလေးကတော့ တော်တော်အလုပ်ရှုပ်နေပါတယ်။


Zayn ရဲ့ စာအုပ်မျက်နှာဖုံးကို အောက်မှာကြည့်ရှုပြီး ကြိုတင်မှာယူလို့ရပါပြီ။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV