Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Batman တစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကို ထုတ်ဖော်ခဲ့တဲ့ Ben Affleck

Batman တစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကို ထုတ်ဖော်ခဲ့တဲ့ Ben Affleck

| No comment


 The Dark Knight လား? Arkham Asylum လား? Batman Begins လား? မဟုတ်ပါဘူး။ Ben Affleck ကတော့ နောက်လာမယ့် Batman ရုပ်ရှင်ဇာတ်ကားကို ရိုးရှင်းတဲ့ နာမည်ဖြစ်တဲ့ The Batman လို့ပေးလိုက်တယ်လို့ သိရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ သူ့ရဲ့ လာမယ့် ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ The Accountant ဆိုတဲ့ ဇာတ်ကား ပရိုမိုးရှင်းပွဲမှာ ဒီသတင်းကို ထုတ်ဖော်ခဲ့တာပါ။


သူက လက်ရှိခေါင်းစဉ်က ပြောင်းလဲနိုင်ပေမယ့် ဇာတ်ကားအတွက် ဇာတ်လမ်းတွေကို ရေးသားဖို့အတွက် လုပ်ဆောင်နေပြီဖြစ်ပြီး ဇာတ်လမ်းဟာ အတော်ကောင်းမွန်မှာဖြစ်တယ်လို့ Affleck ကဆိုပါတယ်။ အဲ့ဒီအပြင် ဇာတ်ကားသစ်ကို Affleck ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးမှာဖြစ်ပါတယ်။ အဲ့ဒီမတိုင်မီကလည်း Affleck ဟာ The Town, Gone Baby Gone, Argo တို့လို A အဆင့်ရှိတဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါသေးတယ်။

Affleck ဟာ Batman အဖြစ်နဲ့ Zack Snyder ရိုက်ကူးခဲ့တဲ့ Batman vs Superman: Dawn of Justice ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်အတွက် အဓိက Villain အဖြစ် Deathstroke ပါဝင်မှာ ဖြစ်ပြီး Suicide Squad ဇာတ်ကားက ဇာတ်ဝင်ခန်းအနည်းငယ်မှာ ပါဝင်တဲ့ နာမည်ကျော် ဇာတ်ကောင် Joker နဲ့ တွဲဖက်မယ့် အခြေအနေကိုတော့ ပြောကြားသေးခြင်းမရှိပါဘူး။


(Beauty Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref: The Verge, Techno Buffalo