Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အဒဲလ်ရဲ့ဝင်ငွေ တစ်ရက် ပေါင်၈သောင်းကျော်ရှိ

အဒဲလ်ရဲ့ဝင်ငွေ တစ်ရက် ပေါင်၈သောင်းကျော်ရှိ

| No comment


ပေါ့ပ်စတား အဒဲလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက တစ်ရက်ပေါင် ၈၄၀၀၀ နဲ့ညီမျှတဲ့ ဝင်ငွေရှိခဲ့တယ်လို့ သူ့ရဲ့ ကုမ္ပဏီကဆိုပါတယ်။ အဒဲလ်ရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ်ဟာ ဗြိတိန်သမိုင်းမှာ အရောင်းအသွက်ဆုံးအဖြစ်နဲ့လည်း စံချိန်တင်ထားခဲ့ပါတယ်။

အဒဲလ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပေါင်သန်း ၃၀ကျော် ဝင်ငွေရှိခဲ့တယ်လို့ အသစ်ထုတ်ပြန်တဲ့ စာရင်းတစ်ရပ်က ဖော်ပြခဲ့တာပါ။ ပေါ့ပ်စတားရဲ့ စုစုပေါင်း ကြွယ်ဝမှုဟာ ယခုအခါမှာဆိုရင် ပေါင်၈၅သန်းရှိနေပြီဖြစ်ပါတယ်။ ဒီငွေတွေထဲမှာ အစိုးရကို အခွန်ဆောင်ပြီး ငွေတွေ ပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

Adele ရဲ့ အယ်လ်ဘမ်ဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးရောင်းချရမှု အချပ်ရေ သန်း၂၀ကျော်သွားပြီဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ 25 အယ်လ်ဘမ်ဟာ စတင်ထွက်ရှိပြီး သီတင်းတစ်ပတ်အကြာမှာတင် ကော်ပီချပ်ရေပေါင်း ၈သိန်းလုံးရောင်းချခဲ့ရလို့ ဗြိတိန်သမိုင်းမှာ ရောင်းအားအသွက်ဆုံးအဖြစ်စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
Celebrity.thithtoolwin.com
Ref: Daily Mail