Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပန်းပွင့်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှခဲ့တဲ့ ရှာရာပိုဗာ

ပန်းပွင့်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှခဲ့တဲ့ ရှာရာပိုဗာ

| No comment

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်တဲ့ CFDA/Vogue ဖက်ရှင်ရှိုးပွဲကို တင်းနစ်ဘုရင်မ မာရီယာရှာရာပိုဗာဟာ တက်ရောက်လာခဲ့ပါတယ်။ အသက်၂၉နှစ်အရွယ် တင်းနစ်မယ်အနေနဲ့ အမြင့်စားဖက်ရှင်နဲ့ Floral ပန်းပွင့်အကွက်လေးတွေနဲ့ ဂါဝန်ကို ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ခဲ့ပြီး မင်းသမီးတွေနဲ့အတူ အလှချင်းပြိုင်နိုင်ခဲ့ပါတယ်။


သူ့အနေနဲ့ ဒေါက်ဖိနပ်အပြာရောင်၊ ဆံပင်ကို နောက်ကိုလှန်ထားတဲ့ ပုံစံနဲ့ အရိုးရှင်းဆုံးနဲ့ ဆွဲဆောင်မှုအားအပြည့်နဲ့ ရှိနေခဲ့တာပါ။ ရုရှားအလှပဂေးဟာ တားမြစ်ဆေးပြသနာကြောင့် တင်းနစ်ပြိုင်ပွဲဝင်ခွင့်အပိတ်ခံထားရပေမယ့် အခုလို အပြိုင်အဆိုင်လှပခဲ့လို့ သူမမှာ စိတ်ဖိအားတွေ ကင်းစင်နေသလိုတောင် ရှိနေခဲ့ပါတယ်။

ဒါကြောင့် ရှာရာပိုဗာရဲ့ ပရိတ်သတ်တွေအနေနဲ့ အခုလိုအပြစ်ကင်းတဲ့ ပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရလို့ စိတ်ချမ်းသာခဲ့ကြပါတယ်။

Stunner: Proving her attention to detail, the stunning sportswoman was stacks of rings but no other jewellery to pull focus from her dazzling gown

(Beauty Syh)
သစ်ထူးလွင် (နာမည်ကျော်ပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref: Daily Mail