Kylie Jenner ဟာ သူမရဲ့ ပိုမိုဖွံ့ထွားလာတဲ့ တင်ပါးနဲ့ ရင်သားတွေရဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။ အသက်၁၉နှစ်အရွယ်ရှိ Kylie ဟာ အခုလို တောင့်တင်းလာဖို့အတွက်သူမအနေနဲ့ ခွဲစိတ်မှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူးလို့ ဆိုခဲ့တာပါ။ အဲ့ဒီအပြင် ရင်သား၊ နှာခေါင်းနဲ့ မေရိုးတွေအပါအဝင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း မပြုပြင်ခဲ့ကြောင်း ပြောကြားခဲ့တာပါ။

Kylie က ခွဲစိတ်မှုမလုပ်ပဲနဲ့ သူမရဲ့ ကောက်ကြောင်းတွေ ပိုမိုလှပလာအောင် အလေးချိန်၁၆ပေါင် တိုးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်မအလေးချိန်က အရင်တုန်းက ပေါင်၁၂၀ပါ အခု ၁၃၆ပေါင်ဖြစ်သွားပါပြီ” လို့ဆိုခဲ့တာပါ။
Kylie ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကလည်း သူမရဲ့ နှုတ်ခမ်းကို ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ ယခုအခါမှာဆိုရင်တော့ Kylie ရဲ့ ကိုယ်လုံးဟာ အစ်မတွေရဲ့ ခြေရာနင်းမယ့် ပုံစံအတိုင်း အတော်တောင့်ဖြောင့်လာကြောင်း သတင်းတွေက ရေးသားနေကြတာပါ။

(Beauty Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
Celebrity.thithtoolwin.com
Ref: Daily Mail