Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆယ်စုနှစ်တစ်ခုအကြာမှာ အယ်လ်ဘမ်သစ်တစ်ခုနဲ့ ဂီတလောကကို ပြန်အခြေချမယ့် Rolling Stones

ဆယ်စုနှစ်တစ်ခုအကြာမှာ အယ်လ်ဘမ်သစ်တစ်ခုနဲ့ ဂီတလောကကို ပြန်အခြေချမယ့် Rolling Stones

| No comment

Rolling Stones အဖွဲ့ကတော့ “Blue & Lonesome” လို့ အမည်ရတဲ့ အယ်လ်ဘမ်သစ်တစ်ခုနဲ့ ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ Rolling Stones အဖွဲ့ဟာဆိုရင်တော့ “A Bigger Bang” လို့အမည်ရတဲ့ အယ်လ်ဘမ်ကို ၂၀၀၅ ခုနှစ်တုန်းက နောက်ဆုံးအနေနဲ့ ဖြန့်ချိခဲ့တာဖြစ်ပြီး အခုအယ်လ်ဘမ်နဲ့ဆိုရင်တော့ ဆယ်စုနှစ်တစ်စုကျော်အထိ အချိန်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

Rolling Stones အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Mick Jagger, Ronnie Wood နဲ့ Keith Richards တို့ဟာဆိုရင်တော့ သူတို့ရဲ့ အယ်လ်ဘမ်သစ်ထွက်ရှိလာမယ်ဆိုတာ မှန်ကန်ကြောင်း ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။

Rolling Stones ရဲ့ အသစ်ထွက်ရှိမယ့် ဒီအယ်လ်ဘမ်ထဲမှာတော့ “Blue & Lonesome” ဆိုတဲ့ အတိုင်းပဲ ရော့ခ်ကာကြီးတွေရဲ့ Blues သီချင်းအမျိုးအစားတွေကို တစ်ဝကြီးနားဆင်ရမှာပါ။

ဒီအယ်လ်ဘမ်မှာဆိုရင်တော့ Blues artist တွေဖြစ်ကြတဲ့ Little Walter, Magic Sam, Little Johnny Taylor နဲ့ Willie Dixon တို့ရဲ့ သီချင်းတွေကို Rolling Stones က cover အဖြစ်လည်း ပြန်လည် သီဆိုပေးထားပါတယ်။

 သီချင်း ၁၂ ပုဒ်ပါဝင်မယ့် ဒီအယ်လ်ဘမ်ကိုတော့ British Grove စတူဒီယိုမှာ အချိန်သုံးရက်နဲ့ အပြီးအသံသွင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ဂီတအပေါ် ရူးသွပ်တဲ့ စိတ်ထားကို အကြည်လင်ဆုံး မြင်ရလိမ့်မယ်လို့ co-producer ဖြစ်သူ Don Was က ပြောကြားခဲ့ပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Aceshowbiz