Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , 2NE1 အဖွဲ့ တရားဝင်ဖျက်သိမ်း

2NE1 အဖွဲ့ တရားဝင်ဖျက်သိမ်း

| No comment

2NE1 အဖွဲ့ ဖျက်သိမ်းလိုက်တဲ့အကြောင်းကို YG ကတရားဝင်ကြေညာလိုက်ပါတယ်။ အဖွဲ့မရှိတော့ပေမယ့်လည်း CL နှင့် Sandara Park တို့ကတော့ YG နှင့်တစ်ကိုယ်တော်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Park Bom ကတော့ အေဂျင်စီနှင့် စာချုပ် ပြန်လည်ချုပ်ဆိုခြင်းမရှိခဲ့ပါဘူး။

YG ၏ တရားဝင်ကြေညာချက်ကတော့ “2NE1 အဖွဲ့ရဲ့ စာချုပ်က ၂၀၁၆ ခုနှစ် မေလမှာ သက်တမ်းကုန်ခဲ့တာဖြစ်ပြီး Minzy ကလည်းအဖွဲ့ထဲက ထွက်သွားတဲ့အတွက် ကျန်ရှိနေတဲ့အဖွဲ့ဝင်တွေနှင့်
သေချာဆွေးနွေးတိုင်ပင်ပြီးနောက် အဖွဲ့ကို တရားဝင်ဖျက်သိမ်းဖို့
ဆုံးဖြတ်လိုက်ပါတယ်။

2NE1 အဖွဲ့က YG ရဲ့ မိန်းကလေးအဖွဲ့အဖြစ် ၇ နှစ်ကြာရပ်တည်ခဲ့တာဖြစ်တဲ့အတွက် ဖော်မပြနိုင်လောက်အောင် ခံစာရပေမယ့် ဆက်လက်ရပ်တည်ဖို့ အရမ်းခက်ခဲနေပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။ 2NE1 အဖွဲ့ရဲ့
လှုပ်ရှားမှုတွေကို မတိကျမသေချာတဲ့ အချိန်အတိုင်းအတာတစ်ခုထိေ စာင့်နေမည့်အစား အဖွဲ့ဝင်တွေရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုချိန်ထိ ဒီအဖွဲ့နှင့် သူတို့ရဲ့သီချင်းတွေကို ချစ်ခင်အားပေးခဲ့ကြတဲ့ကိုရီးယားနိုင်ငံနှင့် နိုင်ငံခြားမှ
ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်။ တရားဝင်ကြေညာချင်တာကတော့ ပြီးခဲ့တဲ့ မေလက CL နှင့် Sandara Park တို့နှင့် စာချုပ် ပြန်လည်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနှင့် Park Bom နှင့်တော့ စာချုပ်အသစ်ချုပ်ဆိုခြင်းမရှိပါဘူး”

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi