Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , နာမည်ကျော်မင်းသား ၇ ယောက်ပါဝင်တဲ့ “7 First Kisses” ဇာတ်လမ်းတွဲ Teaser ထွက်ရှိ

နာမည်ကျော်မင်းသား ၇ ယောက်ပါဝင်တဲ့ “7 First Kisses” ဇာတ်လမ်းတွဲ Teaser ထွက်ရှိ

| No comment

နာမည်ကျော်သရုပ်ဆောင်တွေနှင့် ရင်ခုန်စိတ်လှုပ်ရှားစေမည့် ဇာတ်ဝင်ခန်းတွေပါဝင်တဲ့ “7 First Kisses” ဇာတ်လမ်းတွဲက teaser video တစ်ခုထွက်ရှိလာပြီး စိတ်လှုပ်ရှားမှုကို မြှင့်တင်လိုက်ပါတယ်။

စာနယ်ဇင်းတွေဆုံပွဲကို ကျင်းပခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်က teaser video တစ်ခုထုတ်လွှင့်ပေးခဲ့ပါတယ်။ ထွက်ရှိလာတဲ့ video ထဲမှာတော့ K-drama တွေရဲ့ အဆုံးစွန်ဆုံး စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ နာမည်ကျော်သရုပ်ဆောင်တွေကို ဖော်ပြခဲ့ပါတယ်။

 သရုပ်ဆောင်တွေကတော့ Park Hae Jin, Lee Min Ho, Jin Chang Wook, Lee Jong Suk, Lee Joon Gi, EXO အဖွဲ့ဝင် Kai, 2PM အဖွဲ့ဝင် Taecyeon နှင့် Choi Ji Woo တို့ဖြစ်ပါတယ်။

“7 First Kisses” ဇာတ်လမ်းတွဲကတော့ ရည်းစားတစ်ခါမှ မထားဘူးတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမက Choi Ji Woo သရုပ်ဆောင်ထားတဲ့ နတ်သမီးတစ်ပါးနဲ့ တွေ့ဆုံပြီးနောက်မှာ နတ်သမီးက သူမကို ချောမောတင့်တယ်တဲ့ အမျိုးသား ၇ ယောက်နဲ့တွေ့ဆုံအောင် လုပ်ပေးတာဖြစ်ပါတယ်။ ဒီ web drama ကို ဒီဇင်ဘာလလယ်လောက်မှာ online မှ စတင်ပြသသွားမှာဖြစ်ပါတယ်။

Teaser video ကို အောက်မှာကြည့်ရှုနိုင်ပါတယ်။




( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi