Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , American Music Award ဆုပေးပွဲအတွက် Justin Bieber က ဆွစ်ဇာလန်နိုင်ငံကနေ တိုက်ရိုက်ဖျော်ဖြေမည်

American Music Award ဆုပေးပွဲအတွက် Justin Bieber က ဆွစ်ဇာလန်နိုင်ငံကနေ တိုက်ရိုက်ဖျော်ဖြေမည်

| No comment

ဒီနှစ်အတွက် American Music Award ဆုပေးပွဲမှာ ဖျော်ဖြေမည့်သူစာရင်းတွင် Justin Bieber လည်းပါလာပါပြီ။

Justin က AMAs မှာ ဖျော်ဖြေတာ ၆ ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ Zurich, Switzerland မှာကျင်ပတဲ့ Purpose tour ကနေဖျော်ဖြေမှာဖြစ်ပါတယ်။

နောက်ဆုံး Purpose အယ်လ်ဘမ်ထွက်ထားတဲ့ Bieber က ၁၅ ကြိမ် AMA စကာတင်စာရင်းဝင်ခဲ့ပြီး ၈ ကြိမ်ဆုရရှိထားပါတယ်။ ဒီနှစ်မှာတော့ video of the year ၊ favorite male artist – pop/rock ၊ favorite album – pop/rock နှင့် အမြင့်ဆုံးဆုဖြစ်တဲ့ artist of the year ဆုတို့အတွက် စကာတင်စာရင်းဝင်ထားပါတယ်။

အစောပိုင်းကကြေညာထားတဲ့ ဖျော်ဖြေသူတွေကတော့ Naill Horan, Maroon 5 နှင့် Kendrick Lamar, James Bay, Fifth Harmony, Lady Gaga, Green Day, Lohn Legend, Bruno mars, Shawn Mendes, Twenty One Pilots, The Weekend, နှစ်ယောက်ပေါင်းပြီး အထူးဖျော်ဖြေမည့် The Chainsmokers နှင့် Hasley, Ariana Grande နှင့် Nicki Minaj American Music Award of Merit ဂုဏ်ထူဆောင်နှင့် ဖျော်ဖြေသူ Sting တို့ဖြစ်ပါတယ်။

ပရိသတ်တွေမဲပေးထားတဲ့ ဒီဆုပေးပွဲကို Gigi Hadid နှင့် Jay Pharoah တို့က တွဲဖက်တင်ဆက်မှာဖြစ်ပြီး လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ Microsoft Theater ကနေ နိုဝင်ဘာလ ၂၀ ရက် စနေနေ့ ည ၈ နာရီမှာ ABC ရုပ်သံလိုင်းကမှ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

 Dick Clark Production ကထုတ်လုပ်တဲ့ ပရိသတ်တွေမဲပေးထားတဲ့ ဒီဆုပေးပွဲအတွက် စကာတင်စာရင်းကို ပြီးခဲ့တဲ့လက ဖော်ပြခဲ့တာဖြစ်ပါတယ်။ Drake က စကာတင် ၁၃ ဆုနှင့် ဦးဆောင်နေပြီး၊ Rihanna က ၇ ဆု၊ Adele နှင့် Justin Bieber က ၅ဆု ကိုယ်စီ စာရင်းဝင်နေပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard