Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , American Music Award မှာ Top 10 Winner of All Time စာရင်းထဲပါဝင်လာတဲ့ Justin Bieber

American Music Award မှာ Top 10 Winner of All Time စာရင်းထဲပါဝင်လာတဲ့ Justin Bieber

| No comment

Justin Bieber ကအနုပညာသက်တမ်းတစ်လျှောက်မှာ AMA ဆုပေါင်း ၁၂ ဆုရရှိခဲ့ပါတယ်။
လက်ရှိမှာ Purpose world tour ကျင်းပလျက်ရှိတဲ့အဆိုတော်က ဒီနှစ်မှာ American Music Award ၄ ဆုရရှိခဲ့တဲ့အတွက် AMA Top 10 Winner of All Time တစ်ယောက်ဖြစ်လာပါတယ်။

အရင်ကရရှိထားတဲ့ new artist of the year (2010), favorite rock/pop album (2010,2012), favorite pop/rock male artist (2010,2012), artist of the year (2010,2012) နှင့် “where Are U Now” သီချင်းအတွက် collaboration of the year (2015) ဆုပေါင်း ၈ ဆုနှင့် စနေနေ့ညက ရရှိခဲ့တဲ့ ဆုတွေဟာ Justin ကို ဆုပေါင်း ၁၂ ဆုနှင့်အတူ Willie Nelson နှင့်ပူတွဲပြီး AMA Top 10
Winner စာရင်ထဲပါဝင်စေခဲ့ပါတယ်။

၁၉၇၄ ခုနှစ်တွင်စတင်ခဲ့တဲ့ ထိပ်တန်း AMA ဆုရှင်စာရင်းကတော့

၁။ Michael Jackson — 24 ဆု
၂။ Alabama — 23 ဆု
၃။ Whitney Houston — 21 ဆု, သမိုင်းကြောင်းတစ်လျှောက်တွင် AMA
ဆုအများဆုံးရရှိသူ          အမျိုးသမီးအနုပညာရှင်
၎။ Kenny Rogers, Taylor Swift — 19 ဆု (Swift က the artist of the year
ကဏ္ဍမှာ ၃ ဆုနှင့် ဦးဆောင်နေပါတယ်)
၅။ Garth Brooks — 17 ဆု; artist of the decade in 2000
၆။ Reba McEntire and Lionel Richie — 15 ဆု
၇။ Willie Nelson and Justin Bieber — 12 ဆု
၈။ Janet Jackson and Stevie Wonder — 11 ဆု
၉။ Tim McGraw and Randy Travis — 10 ဆု

၁၀။ Boyz II Men, Mariah Carey, Olivia Newton John, Rihanna, Carrie
Underwood and Luther Vandross — ၉ ဆု

Bieber က ဂြိုဟ်တုကနေတစ်ဆင့်လည်း ဖျော်ဖြေခဲ့ပါသေးတယ်။

တခြားဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေကတော့ Niall Horan, Maroon 5 နှင့် Kendrick Lamar, James Bay, Carlos Vives, Fifth Harmony, Lady Gaga, Green Day, John Legend, Bruno Mars, Shawn Mendes, Twenty One Pilots, DJ Khaled, The Weeknd, Chainsmokers နှင့် Halsey
တို့၏အထူးပူးပေါင်းဖျော်ဖြေမှု, Ariana Grande နှင့် Nicki Minaj, နှင့် the American Music Award of Merit ဆုရှင် နှင့် ဖျော်ဖြေသူ Sting တို့ဖြစ်ပါတယ်။

Dick Clark Production ကထုတ်လုပ်တဲ့ ပရိသတ်တွေမဲပေးထားတဲ့ ဒီဆုပေးပွဲအတွက် စကာတင်စာရင်းကို ပြီးခဲ့တဲ့လကဖော်ပြခဲ့တာဖြစ်ပါတယ်။ Drake က စကာတင် ၁၃ ဆုနှင့် ဦးဆောင်နေပြီး၊ Rihanna က ၇ ဆု၊ Adele နှင့် Justin Bieber က ၅ဆု ကိုယ်စီစာရင်းဝင်နေပါတယ်။ Beyonce နှင့် The Chainsmokers တို့က ၄ ဆုနှင့် ကပ်လိုက်နေပြီး Bryson Tiller, Twenty One Pilots, Carrie Underwood, Fetty Wap နှင့် the Weeknd တို့က ၃ ဆု ကိုယ်စီစာရင်းဝင်ခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Hollywood Reporter