MI ဇာတ်လမ်းတွေမှာ မင်းသား တွမ်ခရုစ်နဲ့အတူ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားဂျရေမီရန်နာကတော့ Avengers ဇာတ်လမ်းသစ်ဖြစ်တဲ့ Infinity War မှာလည်း ပါဝင်သရုပ်ဆောင်ရအုံးမှာဖြစ်တာကြောင့် MI-6 ဇာတ်လမ်းမှာပါဝင်နိုင်ဖွယ်မရှိတော့ဘူးလို့ သိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရန်နာဟာ MI ဇာတ်လမ်းတွေမှာ အေးဂျင့် ဝီလီယမ်ဘရန့်တ်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရိုက်ကူးချိန်ကမောက်ကမဖြစ်မှုတွေကြောင့် မင်းသားတွမ်ခရုစ်နဲ့ ရိုက်ကူးမှုအတွက် ဆွေးနွေးရအုံးမယ်လို့ ဆိုပါတယ်။
ဇာတ်ကားနှစ်ခုရိုက်ကူးရက်တိုက်နေတာဟာ သူ့ကို ဗျာများစေနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိပါဘူးလို့ ဂျရေမီက ပြောပါတယ်။ ဇာတ်ကားနှစ်ကားလုံးကတော့ ၂၀၁၈ မှာထွက်ရှိမယ်လို့ ကြေညာထားကြပြီး နောက်တစ်နှစ် ၂၀၁၇ အတွင်းမှာတော့ နားရက်နည်းပါးသွားမယ်လို့ ရန်နာက ဖွင့်ဟပါတယ်။ ရန်နာဟာဆိုရင်တော့ Hawkeye (ကလင့်ဘာတန်)နေရာမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် သူ့ကို လက်လွတ်မခံဖြစ်နေကြတာပါ။
ရန်နာကတော့ မင်းသားတွမ်ခရုစ်နဲ့ ညှိနှိုင်းပြီး ဇာတ်ကားနှစ်ကားလုံးအတွက် အကောင်းဆုံး ပေးဆပ်လုပ်ဆောင်သွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။
( Mocha )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Aceshowbiz