Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရည်းစားဟောင်းတွေဖြစ်တဲ့ ကယ်လ်ဗင်ဟားရစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့အကြောင်းကို သီချင်းစပ်နေတဲ့ တေလာဆွစ်ဖ်

ရည်းစားဟောင်းတွေဖြစ်တဲ့ ကယ်လ်ဗင်ဟားရစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့အကြောင်းကို သီချင်းစပ်နေတဲ့ တေလာဆွစ်ဖ်

| No comment

နာမည်ကျော် ပေါ့ပ်အဆိုတော် တေလာကတော့ သူမရဲ့ ခြောက်ခွေမြောက်အယ်လ်ဘမ်မှာ ရည်းစားဟောင်းတွေအကြောင်းကို စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 “Bad Blood” သီချင်းနဲ့ ပြိုင်ဘက်တွေကို မခေကြောင်းပြောခဲ့သလိုပဲ ဒီသီချင်းမှာလည်း သူမရဲ့ ရည်းစားဟောင်းနှစ်ယောက်ဖြစ်တဲ့ ကယ်လ်ဗင်ဟားရစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေကို သီချင်းအဖြစ် ဖန်တီးပြဖို့ တာစူနေတာပါ။

တေလာဆွစ်ဖ်ဟာဆိုရင်တော့ ပြန်ပြီးလက်စားချေတဲ့ သီချင်းတွေကို ပြုလုပ်နေတာမဟုတ်ဘဲ သူမရဲ့ သီချင်းစာသားတွေနဲ့သာ မကောင်းတာလေးတွေကို ထင်ဟပ်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တေလာဟာဆိုရင်တော့ သူမရဲ့ ခြောက်ခုမြောက် အယ်လ်ဘမ်အတွက် အကောင်းဆုံးပြင်ဆင်နေပြီး အဆိုကျော် Drake နဲ့ ပူးပေါင်းဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

တေလာဟာဆိုရင်တော့ EX တွေ အကြောင်းစပ်ဆိုထားတဲ့သီချင်းကို “Better Man” လို့အမည်ပေးထားတယ်လို့လည်း သိရပါတယ်။


( Mocha )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz