Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , BTS အဖွဲ့က Make-A-Wish Foundation ၏ အကူအညီဖြင့် ကုသမရနိုင်သော ဝေဒနာခံစားနေရသည့် ပရိသတ်တစ်ယောက်နှင့် တွေ့ဆုံခဲ့

BTS အဖွဲ့က Make-A-Wish Foundation ၏ အကူအညီဖြင့် ကုသမရနိုင်သော ဝေဒနာခံစားနေရသည့် ပရိသတ်တစ်ယောက်နှင့် တွေ့ဆုံခဲ့

| No comment

နိုဝင်ဘာလ ၁၂ ရက်က Make-A-Wish Korea က BTS အဖွဲ့နှင့် ပရိသတ်ငယ်လေးတစ်ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံကို တင်ခဲ့ပြီး “ကုသမရနိုင်သော ဝေဒနာခံစားနေရသည့် ပရိသတ်တစ်ယောက်ဖြစ်တဲ့ Angelica ရဲ့ BTS အဖွဲ့နှင့်တွေ့ချင်တဲ့ ဆန္ဒက နောက်ဆုံးတော့ပြည့်ဝသွားပါပြီ။

 Angelica ရဲ့ BTS အဖွဲ့နှင့်တွေ့ချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အတွက် @bts_bighit ကို ကျေးဇူးတင်ပါတယ်” လို့ Twitter မှာရေးသားခဲ့ပါတယ်။

Angelica ကလည်း အိပ်မက်ဆန်လှတဲ့ BTS အဖွဲ့နှင့်တွေ့ဆုံမှုကို သူမရဲ့ instagram မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ J-Hope ကို ပွေ့ဖက်ထားတဲ့ပုံကို တွေ့နိုင်ပြီး “ကျွန်မ အရမ်းပျော်တာပဲ။ အရမ်းကျေးဇူးတင်တာပဲ။ ကျွန်မမျက်နှာက ရှင်းလင်းနေပါတယ်။ နေမင်းကြီးက တောက်ပနေတယ်။ ကျွန်မ လူသစ်တစ်ယောက်လိုခံစားရပါတယ်။  ငှက်ကလေးတွေလည် အော်နေကြတယ်။  အရာအားလုံးရဲ့အဖြေကို ဘုရားသခင်က ကျွန်မကို ပြလိုက်ပြီ။ နိုင်ငံတကာက ARMY တွေရဲ့ကိုယ်စား ဒီထက်ပိုပြီးပျော်စရာကောင်းတာ မရှိတော့ပါဘူး။” လို့ရေးသားထားပါတယ်။

ဒါပေမယ့်လည်း Angelica က ဓာတ်ပုံကို ပြန်ဖျက်လိုက်ပြီး “ကိစ္စတစ်ခုကြောင့် ဓာတ်ပုံကို ဖျက်လိုက်ရပေမယ့်လည်း အားလုံးကို ချစ်ပါတယ်။ ဒီကိစ္စက ထိန်မနိုင်သိမ်းမရမဖြစ်ဘူးလို့ မျှော်လင့်ပါတယ်” လို့ ရှင်းပြထားပါတယ်။

Make-A-Wish Foundation ကတော့ အမြတ်အစွန်းမယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြား ကုသမရနိုင်တဲ့ ဒါမှမဟုတ် အသက်အန္တရာယ်ရှိတဲ့ဝေဒနာခံစားနေရတဲ့ ကလေးတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် US မှာတည်ထောင်ထားတာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi