Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အဆိုတော် Charlie Puth ရဲ့ သီချင်းသစ် “Dangerously” ထွက်ရှိလာ

အဆိုတော် Charlie Puth ရဲ့ သီချင်းသစ် “Dangerously” ထွက်ရှိလာ

| No comment

“One Call Away” , “We Don’t Talk Anymore” စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုခံနေရတဲ့ အဆိုတော် Charlie Puth ကတော့ သူ့ရဲ့ သီချင်းသစ် Dangerously ကို စတင်ပြီး မိတ်ဆက်လိုက်ပါပြီ။
ရည်းစားဟောင်းကြောင့် ပေါက်ကွဲနေတဲ့ စတိုင်လ်ကို သီချင်းမှာ ပုံဖော်ထားပြီး ဒီသီချင်းကတော့ သူ့ရဲ့ လေးခွေမြောက် အယ်လ်ဘမ်ထဲမှာ စတင်ပါဝင်လာမှာဖြစ်ပါတယ်။

သီချင်းဗီဒီယိုထဲမှာတော့ Charlie ဟာ အချစ်ကြောင့် ပေါက်ကွဲနေပြီး မှန်တွေကို ထိုးခွဲတဲ့ ရိုက်ကွင်းတွေနဲ့ သွေးပေနေတဲ့ လက်တွေက Charlie ရဲ့ ပေါက်ကွဲအားကို ပိုပြီး ပြင်းထန်စေသလိုဖြစ်နေခဲ့တာပါ။

သီချင်းစာသားတွင်းမှာလည်း “You are the fire, I’m gasoline” စတဲ့ စာသားတွေကို ထည့်သွင်းသီဆိုထားပြီး အချစ်ကြောင့် အန္တရာယ်ကျရောက်နေတဲ့ Charlie Puth ရဲ့ သီချင်းကို ဟန်ပါပါနားဆင်နိုင်မှာဖြစ်ပါတယ်။


( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV