Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Deadpool 2” ရုပ်ရှင် ဇာတ်ကားရိုက်ကူးရေး ၂၀၁၇ ဇန်နဝါရီလတွင် စတင်မည်

“Deadpool 2” ရုပ်ရှင် ဇာတ်ကားရိုက်ကူးရေး ၂၀၁၇ ဇန်နဝါရီလတွင် စတင်မည်

| No comment

“Deadpool 2” ရုပ်ရှင်ကားရိုက်ကူးရေးကိုတော့ လာမယ့် ဇန်နဝါရီလမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဒါဟာ ဒါရိုက်တာနဲ့ အဓိက ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Tim Miller ဇာတ်ကားကနေ နှုတ်ထွက်အပြီးမှာ ပြန်လည် စတင်တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်းသား ရိုင်ယန်ရေးနိုးလ်စ် ကပဲ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်သွားမှာဖြစ်ပြီး Tim Miller ရဲ့ နေရာကို အစားထိုးဖို့အတွက် ဒါရိုက်တာနောက်တစ်ယောက်ရှာဖွေရာမှာ လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ထင်မှတ်ထားကြတာပါ။

ဇာတ်ကားရိုက်ကူးရေးကိုတော့ British Columbia က Vancouver ဒေသမှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့  သိရပါတယ်။ Deadpool မှာတော့ အဓိက ဇာတ်ကောင်နှစ်နေရာဖြစ်တဲ့ Domino နဲ့ Cable တို့ရဲ့ နေရာတွေအတွက်လည်း သရုပ်ဆောင်မယ့်သူမရှိဖြစ်နေတယ်လို့ သိရပါတယ်။

ဒါရိုက်တာဟောင်း Tim Miller ကတော့ Cable ရဲ့ နေရာမှာ သရုပ်ဆောင် Kyle Chandler ကို သရုပ်ဆောင်ခိုင်းဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း Tim Miller က ရိုက်ကူးရေးက နှုတ်ထွက်သွားခဲ့တာကြောင့် ထပ်ပြီး အဆင်မပြေဖြစ်ခဲ့ရတာပါ။

ဒါ့ကြောင့် လာမယ့် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ Deadpool 2 ဇာတ်ကားကတော့ အရင်ထွက်ရှိထားတဲ့ Deadpool ရဲ့ စံချိန်ကောင်းတွေကို လိုက်မှီနိုင်ဖို့အတွက် ခက်ခဲလျက်ရှိနေပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz