Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Demi Lovato ကို crush နေတယ်လို့ မင်းသမီး Bella Thorne ဝန်ခံ

Demi Lovato ကို crush နေတယ်လို့ မင်းသမီး Bella Thorne ဝန်ခံ

| No comment

သြဂုတ်လအတွင်းကပဲ မင်းသမီး Bella Thorne ဟာ သူမရဲ့ ပရိသတ်တွေကို “သူမဟာ bisexual (လိင်နှစ်မျိုးနှစ်သက်သူ) ဖြစ်တယ်လို့ အတိအလင်းကြေညာခဲ့ပြီးတဲ့နောက်မှာတော့ Maxim အင်တာဗျူးမှာလည်း သူမရဲ့ လိင်အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြားသွားခဲ့ပါတယ်။

သူမအခုလို တွစ်တာစာမျက်နှာမှာ လိင်နှစ်မျိုးနှစ်သက်တယ်ဆိုတာကို ပြောကြားခဲ့မှုနဲ့ ပတ်သက်ပြီး Bella Thorne က “ကျွန်မက ဒါကိုတောင် သိပ်မစဉ်းစားမိတော့ပါဘူး။ တွစ်တာမှာ ဖန်တစ်ယောက်က မေးတယ်။ ဒီလိုပြောလိုက်တာက ပွင့်လင်းရာမကျလွန်းဘူးလားလို့ပေါ့။ ကျွန်မကတော့ Yeah လို့ပဲ ပြန်ဖြေလိုက်တယ်” လို့ Bella Thorne က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သူမအခုလို ပြောကြားလိုက်တာဟာ သရုပ်ဆောင်ပိုင်းရပ်တည်မှုမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်လိုက်ရတယ်လို့လည်း ဝန်ခံလိုက်ပါတယ်။ “ကျွန်မအလုပ်အတွက်တော့ အရမ်းကိုအခက်အခဲတွေတွေ့စေခဲ့တယ်။ ကျွန်မကို အရေးမပါတဲ့ မကောင်းကြောင်းတွေ လောက်ပဲ ပြောတတ်တဲ့ လူတွေနဲ့ တွေ့ခဲ့ပြီးပါပြီ။ ဒီလို လာပြောတတ်တဲ့သူတွေကလည်း ပရိသတ်တောင် မဟုတ်ပါဘူး။ ဒီလောကထဲကလူတွေပါပဲ” လို့ Bella Thorne က ဖြေကြားခဲ့ပါတယ်။

အဲ့နောက်မှာတော့ သူမမှာ celebrity တွေထဲက ကြိတ် crush နေရတဲ့သူနှစ်ယောက်ရှိတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ “ကျွန်မကတော့ Demi Lovato ကို ချစ်တယ်။ crush နေတာ ကြာပြီပေါ့။ သူမက အရမ်းကို ဆွဲဆောင်မှုရှိပြီး လှပလွန်းတယ်။ မိုင်လီဆိုင်းရပ်စ်လေးကိုလည်း crush ပါတယ်။ ဒါပေမယ့်လည်း Demi က ပိုဟော့တယ်။ မီးလိုမျိုးပေါ့”လို့ ဖြေကြားခဲ့တာပါ။

Bella+Demi? ဘာတွေဆက်ဖြစ်နိုင်လဲ ???

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV