Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Emma Watson က Beauty And The Beast ဇာတ်ကားထဲမှ Belle အကြောင်းထုတ်ဖော်ပြောကြား

Emma Watson က Beauty And The Beast ဇာတ်ကားထဲမှ Belle အကြောင်းထုတ်ဖော်ပြောကြား

| No comment

ကလေးဘဝတုန်းက Disney ရဲ့ ၁၉၉၁ မှာထွက်ရှိခဲ့တဲ့ ကာတွန်းရုပ်ရှင် Beauty And The Beast ကို အရမ်းသဘောကျခဲ့တဲ့ Harry Potter ဇာတ်ကားထဲမှ သရုပ်ဆောင်ဟောင်း Emma Watson က ပုံပြင်ထဲမှ သူရဲကောင်းမိန်းကလေးအဖြစ်သရုပ်ဆောင်ရခြင်းနှင့်ပတ်သက်ပြီး Entertainment Weekly ကိုပြောပြခဲ့ပါတယ်။

“ကလေးတုန်းက ဒီဇာတ်လမ်းကို ဘယ်နှစ်ခါလောက်ကြည့်မိခဲ့မှန်းတောင် မသိတော့ပါဘူး။ စကားလုံးတွေအကုန်လုံးကို သိနေပြီး သီချင်းတွေအကုန်လုံးကိုလည်း အလွန်ရနေတယ်” လို့ Watson ကပြောပြပါတယ်။
ဒါပေမယ့်လည်း Watson ကကြီးပြင်းလာရင်းနဲ့ ဂုဏ်ယူဖို့ကောင်းတဲ့ အမျိုးသမီးရေးဝါဒ လှုပ်ရှားသူတစ်ဦးဖြစ်လာပြီး ဒါကဇာတ်ကောင်အတွက် ဘယ်လိုကွဲပြားတဲ့လှည့်ကွက်လေးတွေ ထပ်ထည့်နိုင်အောင် ဦးတည်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

“ကာတွန်းဇာတ်လမ်းထဲမှာ တီထွင်သူက သူမရဲ့အဖေဖြစ်ပေမယ့် ကျွန်မတို့က ဒါကို Belle အတွက် ရွေးချယ်လိုက်တယ်။ ကျွန်မက ‘ဇာတ်လမ်းရဲ့အစမှာ Belle ကဘာဖြစ်လို့ လူမဝင်ဆံ့ရသလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ စာအုပ်ဖတ်ရတာသဘောကျတယ်ဆိုတာကလွဲပြီး အသေးစိတ်အချက်အလက်လဲမပါဘူး။

 ပြီးတော့ သူက အားလပ်ချိန်တွေမှာဘာလုပ်တတ်သလဲ’ လို့တွေးမိတယ်။ ဒါနဲ့ သူအတွက် ကျွန်မတို့ နောက်ခံဇာတ်လမ်းဖန်တီးပေးလိုက်ကြတယ်။ သူက အဝတ်လျှော်စက်လိုမျိုးတီထွင်လိုက်တဲ့အတွက် အဝတ်လျှော်ရမဲ့အချိန်မှာ ထိုင်ပြီးစာဖတ်နေလို့ရတာပေါ့။ ကျွန်မတို့က Belle ကို တီထွင်သူအဖြစ်ပြောင်းလိုက်တယ်။”

ဒီအတွေးအခေါ်က ဇာတ်ကောင်ရဲ့ဝတ်စုံပေါ်မှာလည်း ထင်ဟပ်နေပါတယ်။ ဇာတ်ကားရဲ့ဝတ်စုံဒီဇိုင်နာ Jacqueline Durran “Emma ရဲ့ ပြန်ဖန်တီးချက်မှာ Belle က တက်ကြွတဲ့ မင်းသမီးဖြစ်တယ်။ သူက ကိုယ်ကြပ်အိင်္ကျီတွေ၊ အဟန့်အတားဖြစ်မဲ့ ဝတ်စုံမျိုးတွေ မလိုချင်ဘူးလေ” လို့မှတ်ချက်ချခဲ့ပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ETcanada