Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , EXO အဖွဲ့က Melon Music Award ဆုပေးပွဲတွင် Best Artist Of The Year အပါအဝင် ဆု၅ဆုရရှိခဲ့

EXO အဖွဲ့က Melon Music Award ဆုပေးပွဲတွင် Best Artist Of The Year အပါအဝင် ဆု၅ဆုရရှိခဲ့

| No comment

၂၀၁၆ ခုနှစ် Melon Music Award ဆုပေးပွဲကို ကိုရီးယားစံတော်ချိန် နိုဝင်ဘာလ ၁၉ရက်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ Gocheok Sky Dome တွင်ကျင်းပခဲ့ပါတယ်။

Kakao ကတင်ဆက်တဲ့ Melon Music Award ဆုပေးပွဲဟာ K-pop အနုပညာရှင်တွေနှင့် ဒီနှစ်မှာ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကိုရီးယားရဲ့ အကြီးဆုံး online music store ဖြစ်တဲ့ Melon က ရလဒ်ပေါ်မှာအခြေခံပြီး ဂုဏ်ပြုတာဖြစ်ပါတယ်။ မတူညီတဲ့ ဆုပေါင်း ၂၃ ဆုကို Main, Popularity, Music
Style နှင့် Special Award တို့အဖြစ် ကဏ္ဍကြီး ၄ ခုခွဲခြားထားပါတယ်။

EXO အဖွဲ့ကတော့ Top 10 ဆု, Netizen Choice ဆု, Damce (Male) ဆု, Kakao Hot Star Award ဆုနှင့် အကြီးဆုံးဆုကြီး (Daesang) ဖြစ်တဲ့ Best Artist Of The Year အပါအဝင် ဆု၅ဆုရရှိခဲ့ပါတယ်။ EXO အဖွဲ့က အကြီးဆုံးဆုကြီး (Daesang)ကို ၄ နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။

EXO အဖွဲ့ဝင်တွေက စိတ်ခံစားချက်အပြည့်နှင့် ပရိသတ်တွေဖြစ်တဲ့ EXO-L တွေကို ကျေးဇူးတင်ခဲ့ပြီး ပရိသတ်တွေ ဂုဏ်ယူနိုင်တဲ့ အနုပညာရှင်ဖြစ်လာပါ့မယ့်လို့ ကတိပေးခဲ့ပါတယ်။ Suho ကလည်း တခြားဖျော်ဖြေမှုတွေအားလုံးကို သဘောကျပေမယ့် Sechs Kies အဖွဲ့ရဲ့ဖျော်ဖြေမှုမှာ စိတ်အလှုပ်ရှားဆုံးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

Sechs Kies အဖွဲ့ကတော့ ပထမမျိုးဆက် idol အဖွဲ့ဖြစ်ပြီး ၁၆
နှစ်ကြာပြီးနောက် ဒီနှစ်မှာ အောင်မြင်မှုများစွာနှင့်
ပြန်လည်ဆုံဆည်းခဲ့တာဖြစ်ပါတယ်။ Sechs Kies အဖွဲ့က Hall Of Fame Award
ကိုရရှိခဲ့တဲ့အပြင် ဆုပေးပွဲမှာ ဖျော်ဖြေမှုလည်း ပြုလုပ်ခဲ့ပါတယ်။ Suho က
EXO အဖွဲ့ကိုလည်း Sechs Kies အဖွဲ့လို ပရိသတ်တွေအတွက်
အချိန်အကြာကြီးရှိနေစေချင်ကြောင်း ဖော်ပြပြောကြားခဲ့ပါတယ်။
Chanyeol က ဆုတံဆိပ်တွေကို instagram ကနေ ဂုဏ်ယူစွာပြသခဲ့ပါတယ်။ “ဒီနေ့
စင်မြင့်ပေါ်ကနေ မြင်နေရတဲ့ ပရိသတ်တွေက နဂါးငွေ့တန်းကြီးလိုပါပဲ။
ကျွန်တော်တို့ကို အမြဲတမ်း မမှိတ်မသုန်ကြည့်ရှုနေတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ အခုမှစတဲ့ တက်သစ်စလူသစ်တွေလို စိတ်ထားမျိုးနဲ့
ကြိုးစားသွားပါ့မယ်။ သမိုင်းကြောင်းကို အတူတကွ ရေးသားကြပါစို့
#exol_worked_hard_get_home_safe #heart” လို့ရေးသားခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Google