Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Guardian Of The Galaxy နောက်ဆက်တွဲဇာတ်လမ်းအတွက် Marvel က Fox နှင့် ဇာတ်ကောင်ဖလှယ်ခဲ့ရကြောင်း James Gunn ပြောကြား

Guardian Of The Galaxy နောက်ဆက်တွဲဇာတ်လမ်းအတွက် Marvel က Fox နှင့် ဇာတ်ကောင်ဖလှယ်ခဲ့ရကြောင်း James Gunn ပြောကြား

| No comment

Deadpool ဇာတ်ကားအတွက် ဒီတစ်ပတ် အထူးပြသပွဲနှင့် အမေးအဖြေပွဲတွင် ဇာတ်ညွှန်းဆရာ Paul Wernick Rhett Reese က မနှစ်ကဖြစ်ပွားခဲ့တဲ့ 20th Century Fox နှင့် Marvel Studio ကြားက ဇာတ်ကောင်းဖလှယ်ခြင်းကို အံ့အားသင့်စရာထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 သူတို့နှစ်ယောက်က ဇာတ်ကားအတွက် Negasonic Teenage Warhead ဇာတ်ကောင်ကို ရေးသားရာမှာ အပြင်ဆင်နှင့် စွမ်းအားကို အကြီးအကျယ်ပြောင်းလဲလိုက်တဲ့အတွက် Marvel ထံမှ ခွင့်ပြုချက်လိုအပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ Fox ကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ နောက်လာမည့် Guardian Of The Galaxy Vol. 2 မှာပါဝင်လာမည့် Kurt Russell ကသရုပ်ဆောင်ထားတဲ့ Ego the Living Planet ကိုသာပေးမယ်ဆိုရင် Marvel က ပြောင်းလဲမှုကို သဘောတူခဲ့ပါတယ်။

ဒီသတင်းထွက်လာပြီးတဲ့နောက် ဒါရိုက်တာ James Gunn က သူရဲ့ official Facebook page မှာ နောက်ကွယ်ကဆောင်ရွက်မှုတွေကို “ကျွန်တော် ပထမဆုံး Ego ကို Quill ရဲ့အဖေအဖြစ် လျာထားတုန်းက ဇာတ်ကောင်ကို ကျွန်တော်တို့ပိုင်တယ်ထင်ခဲ့တာ။ Ego the Living Planet ကို  Marvel comic universe အတွက် အရမ်းအရေးပါတဲ့အစိတ်အပိုင်းအဖြစ် သေချာဇာတ်လမ်းဆင်ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်တို့မပိုင်ဘူးဆိုတာ သိလိုက်ရတယ်။

ကျွန်တော့်မှာ အရန်အစီအစဉ်လည်းမရှိဘူး။ ပြီးတော့ တခြားဇာတ်ကောင်တစ်ကောင်ကို ထည့်လိုက်ဖို့ကလည်း မဖြစ်နိုင်သလောက်ပဲ။ ကျေးဇူးကြီးမားစွာနဲ့ Fox ကကျွန်တော်တို့ဆီလာပြီး ဖလှယ်ချင်တယ်ဆိုတော့…” လို့ရေးသားထားပါတယ်။

Guardian Of The Galaxy နှင့်ဆက်စပ်တဲ့ နောက်သတင်းတစ်ခုကတော့ Karren Gillan က Twitter မှာ အပိုရိုက်ကူးရေးလုပ်နေကြောင်းကို “ဒီနေ့ Guardian Of The Galaxy ပြန်ရိုက်ကူးပါတယ်။ အဖွဲ့သားတွေနဲ့ပြန်ဆုံဖို့ စိတ်လှုပ်ရှားမိပါတယ်” လို့ရေးသားထားပါတယ်။

ဒီဇာတ်ကားမှာ Chris Pratt က Star-Lord အဖြစ်၊ Zoe Saldana က Gamora အဖြစ်၊ Dave Bautista က Drax အဖြစ်၊ Vin Diesel က Groot အသံအဖြစ်၊ Bradley Cooper က Rocket အသံ အဖြစ်၊ Michael Rooker က Yondu အဖြစ်၊ Sean Gunn က Kraglin အဖြစ်ပါဝင်ထားပါတယ်။ သရုပ်ဆောင်အသစ်တွေကတော့ Pom Klenentieff က Mantis အဖြစ်၊ Elizabeth Debicki ၊ Chris Sullivan နှင့် Kurt Russell တို့ဖြစ်ပါတယ်။

Awesome Mixtape #2  ရဲ့ပေါက်ကွဲသံကို နောက်ခံပြုထားတဲ့ Guardian Of The Galaxy Vol. 2 မှာ အဖွဲ့က Peter Quill ရဲ့မိဘအစစ်ကဘယ်သူဖြစ်တယ်ဆိုတာကို အဖြေရှာရင်းနဲ့ စွန့်စားခန်းဆက်ကြပုံကို တွေ့မြင်ရမှာပါ။ ၂၀၁၇ ခုနှစ် မေလ ၅ ရက်မှာရုံတင်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref :