Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Harley Quinn ပုံစံဝတ်ဆင်ပြီး ဟောလိုးဝင်းပါတီကို တက်ခဲ့တဲ့ လင်ဆေးလိုဟန်

Harley Quinn ပုံစံဝတ်ဆင်ပြီး ဟောလိုးဝင်းပါတီကို တက်ခဲ့တဲ့ လင်ဆေးလိုဟန်

| No comment

ဟောလိုးဝင်းမတိုင်မီနေ့တုန်းက ပန်းရောင်အောက်ခံဘောင်းဘီလေးဝတ်ကာ ဓာတ်ပုံရိုက်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီး လင်ဆေးလိုဟန်ကို အားလုံးက အောက်ခံဘောင်းဘီနဲ့ပဲ ဟောလိုးဝင်းပါတီတက်မယ်ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ လင်ဆေးဟာ Suicide Squad ရဲ့ Favourite ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Harley Quinn ပုံစံပြင်ဆင်ပြီးတော့ လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ပါတီကို တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။


အသက် ၃၀နှစ်အရွယ် အမေရိကန်မင်းသမီးဟာ ဟာလီကွင်းပုံစံ အနီအပြာ၊ ရောထားတဲ့ အင်္ကျီ၊ ဘောင်းဘီအတိုနဲ့တို့ကို ဝတ်ဆင်ထားတဲ့အပြင်၊ မိတ်ကပ်ကအစ၊ Suicide Squad ထဲက Harley Quinn နေရာမှာ သရုပ်ဆောင်ထားတဲ့ Margot Robbie ပုံစံအတိုင်း ထပ်တူနီးပါး ပြင်ဆင်ထားခဲ့တာပါ။


အဲ့ဒီအပြင် ဟာလီကွင်းလိုပုံစံအတိုင်း အနက်ရောင် ဘေ့စ်ဘောတုတ်တစ်ချောင်းကိုလည်း ကိုင်ဆောင်ထားပြီး ဓာတ်ပုံပို့စ်တွေအမျိုးမျိုးပေးခဲ့တဲ့အပြင်၊ SnapChat မှာတောင် ရိုက်ပြီးတင်ထားတာလည်း ဖြစ်ပါတယ်။




(Beauty Syh)
သစ်ထူးလွင် (နာမည်ကျော်ပုဂ္ဂိုလ်များ)
celebrity.thithtoolwin.com
Ref: Daily Mail