Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲကို YG Entertainment မှ အနုပညာရှင်များ တက်ရောက်မည်မဟုတ်

၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲကို YG Entertainment မှ အနုပညာရှင်များ တက်ရောက်မည်မဟုတ်

| No comment

YG Entertainment မှ အနုပညာရှင်များသည် ‘၂၀၁၆ ခုနှစ် Mnet Asia Music Award’ ဆုပေးပွဲကို တက်ရောက်မည်မဟုတ်ပါ။ ပျက်ကွက်ရခြင်းရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းကတော့
အဆက်မပြတ်လှုပ်ရှားနေရတဲ့ အချိန်စာရင်းတွေကြောင့်လို့ ပြောပါတယ်။

Big Bang အဖွဲ့, Psy, နှင့် Sechs Kies အဖွဲ့တို့ဟာ ဒီဇင်ဘာလထဲမှာ comeback လုပ်မှာဖြစ်ပြီး လက်ရှိမှာ အယ်လ်ဘမ်ထုတ်လုပ်ရေးကို အလုပ်များစွာ အဆုံးသတ်နေပြီး ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ ‘၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲ’ကို တက်ရောက်လျင် ၃ရက်ကြာမြင့်မှာဖြစ်ပြီး ထိပ်တန်း YG
အနုပညာရှင်များအတွက် အရမ်းပိုလျှံနေတာဖြစ်ပါတယ်။

YG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “MAMA က online မှာ မဲပေးဖို့အတွက် နိုဝင်ဘာလ ၁ ရက်နေ့က ဖွင့်ခဲ့တာဖြစ်ပြီး ဆုရဖို့ဖြစ်နိုင်ခြေရှိမရှိ ခုထိမသိရသေးပါဘူး။ ဒါပေမယ့် ဖိတ်ကြားခံရရင်တောင်မှ ဆုပေးပွဲအတွက်ေ ဖျာ်ဖြေမှုပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” လို့ရှင်းပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ထိုပြောရေးဆိုခွင့်ရှိသူက YG ရဲ့ပျက်ကွက်မှုဟာ ကုမ္ပဏီနှင့် Mnet ကြားတွင် အရှုပ်အထွေးပြဿနာများရှိနေလို့ဖြစ်တာ မဟုတ်ကြောင်းကို “ခန့်မှန်းချက်တွေ နားလည်မှုလွဲတာတွေ မရှိဖို့ မျှော်လင့်ပါတယ်” လို့အလေးပေးပြောကြားခဲ့ပါတယ်။

YG Entertainment ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲတစ်ခုထဲအတွက် ဖြစ်ပါတယ်။ YG အနုပညာရှင်များကို အခြားနှစ်ကုန်ဆုပေးပွဲတွေမှာ တွေ့ရှိနိုင်ဦးမှာဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : All Kpop