Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction အဖွဲ့အဖြစ် ပြန်လာမှာဖြစ်တယ်လို့ Niall Horan ကတိပေး

One Direction အဖွဲ့အဖြစ် ပြန်လာမှာဖြစ်တယ်လို့ Niall Horan ကတိပေး

| No comment

Directioners တွေ အနေနဲ့ အဆင်သင့်ဖြစ်ပြီလား??? 1D အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Niall Horran ကတော့ သူတို့အနေနဲ့ One Direction အဖွဲ့အနေနဲ့ ဂီတလှုပ်ရှားမှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့ပြန်လည်ဖွဲ့စည်းဖို့ဆိုတာကတော့ ဖြစ်နိုင်တယ်လို့ Niall က အာမခံခဲ့တာပါ။

“ကျွန်တော်တို့ ပြန်လာမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ အလောသုံးဆယ်လုပ်သွားမှာမဟုတ်သေးဘူးလို့” Niall က လော့စ်အိန်ဂျလိစ်က ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အဖွဲ့လိုက် လှုပ်ရှားမှုတွေကို ရပ်တန့်ထားတဲ့ကာလမှာ သူတို့ရဲ့ ကိုယ်စီလှုပ်ရှားမှုတွေမှာ အားလုံးက ပျော်ရွှင်နေလျက်ရှိပါတယ်။

ဟာရီစတိုင်လ်ကတော့ သူ့ရဲ့ ပထမဆုံးဇာတ်ကားအတွက် အကောင်းဆုံးပြင်ဆင်လျက်ရှိနေပြီး Liam Payne ကတော့ သီချင်းသစ်တွေအတွက် အသံသွင်းလျက်ရှိနေပါတယ်။ Louis တစ်ယောက်ကတော့ လက်စတာတိုက်စစ်မှူး ဗာဒီရဲ့ အတ္ထုပ္ပတ္တိဇာတ်ကားမှာ ပါဝင်မယ်လို့ နာမည်ထွက်နေပါတယ်။

လောလောဆယ်မှာတော့ One Direction အဖွဲ့သားတွေဟာ တစ်ဦးချင်းလုပ်ရှားမှုတွေကို ပြုလုပ်နေလို့သာ အဖွဲ့လိုက်လှုပ်ရှားမှု ပြန်လည်ပြုလုပ်ဖို့ ကြာမြင့်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Ace