Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Park Bo Gum ၊ YoonA နှင့် EXOအဖွဲ့တို့က ‘2016 Asia Artist Awards’ ဆုပေးပွဲတွင် ‘Asia Star Award’ ကို ဆွတ်ခူးရရှိ

Park Bo Gum ၊ YoonA နှင့် EXOအဖွဲ့တို့က ‘2016 Asia Artist Awards’ ဆုပေးပွဲတွင် ‘Asia Star Award’ ကို ဆွတ်ခူးရရှိ

| No comment

သရုပ်ဆောင် Park Bo Gum ၊ Girls’ Generation အဖွဲ့ဝင် YoonA နှင့် EXOအဖွဲ့တို့က အကောင်းဆုံး K-pop အနုပညာရှင်များနှင့် K-drama သရုပ်ဆောင်များကို အသိအမှတ်ပြုတဲ့ ‘2016 Asia Artist Awards’ ဆုပေးပွဲတွင် ‘Asia Star Award’ ကို အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်မှာ Park Bo Gum က ‘Asia Star Award’ ကိုလက်ခံရယူခဲ့ပြီး “လိုအပ်ချက်တွေရှိနေတဲ့ ကျွန်တော့်ကို ‘Asia Star Award’ လိုဆုကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီနှစ်မှာ အရမ်းကံကောင်းတယ်လို့ထင်ပါတယ်။ ဒီလောက်များတဲ့အချစ်တွေက ကျွန်တော်နဲ့ထိုက်တန်ပါ့မလားလို့တွေးမိပြီး ပခုံးတွေလေးလံနေခဲ့တာပါ။ အားလုံးကို သရုပ်ဆောင်ကောင်းကောင်းနဲ့ ပြန်ပေးဆပ်ဖို့အတွက် ကြိုးစားပါ့မယ်” လို့ပြောကြားခဲ့ပါတယ်။ သူက ကမ္ဘာတစ်လွှားက ‘Reply 1988’ နှင့် ‘Moonlight Drawn By Clouds’ ကိုကြည့်ရှုသူတွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။


YoonA ကတော့ “ပထမဆုံး Hallyu ကိုချစ်ကြတဲ့ အာရှတစ်ခွင်ကပရိသတ်တွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ‘Asia Star Award’ ကိုပြန်လည်ပေးဆပ်ဖို့အတွက် ဆက်တိုက်ကြိုးစားသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်” လို့ဖော်ပြပြောဆိုသွားပါတယ်။

EXOအဖွဲ့ကလည်း “ဒီအဓိပ္ပာယ်ပြည့်ဝတဲ့ ပွဲကြီးမှာ ကျွန်တော်တို့ကို ဆုကောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ SM Entertainment မိသားစုကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာရှိနေတာဟာ EXO-L တွေကြောင့်လို့ထင်ပါတယ်။ အာရှရဲ့အနုပညာရှင်တွေကို ကိုယ်စားပြုနိုင်တဲ့ အမြဲတမ်းအလုပ်ကြိုးစားတဲ့ EXO ဖြစ်လာပါမယ့်” လို့ ပြောကြားသွားပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : All K Pop