Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , People’s Choice Awards မှာ ဆုတစ်ခုတည်းအတွက် ထိပ်တိုက်ရင်ဆိုင်ရမယ့် Niall Horan နှင့် Zayn Malik

People’s Choice Awards မှာ ဆုတစ်ခုတည်းအတွက် ထိပ်တိုက်ရင်ဆိုင်ရမယ့် Niall Horan နှင့် Zayn Malik

| No comment

Zayn Malik နှင့် Niall Horan တို့ပြန်လည်တွေ့ဆုံဖို့က အတည်ဖြစ်လာတော့မှာဖြစ်ပြီး နေရာတွေအများကြီးရှိတဲ့အထဲကမှ ၂၀၁၇ ခုနှစ် People’s Choice Awards ဆုပေးပွဲမှာမှဖြစ်နေပါတယ်။

အကြာကြီးစောင့်နေခဲ့ရတဲ့ လူတွေကြားထဲမှာ ပြန်ဆုံတွေ့ခြင်းမှာ အနေခက်စရာ အခြေအနေတစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ One Direction အဖွဲ့ဝင်ဟောင်းနှစ်ယောက်က သူတို့စကာတင်စာရင်းဝင်ထားတဲ့ Favorite Breakout Artist ဆုကို ရရှိဖို့အတွက် ထိပ်တိုက်ရင်ဆိုင်ရမှာကြောင့်ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ PCA စကာတင်စာရင်း ထွက်လာတော့ 1D ပရိသတ်တွေအနေနှင့် နှစ်ယောက်လုံးက ခေါင်းစဉ်တစ်ခုထဲမှာဝင်နေတာကို ကြားပြီးနောက် ခါတိုင်းထက်ပိုပြီး ဒွိဟဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း Directioners တွေအတွက် ဆုရဖို့အခွင့်အရေးက ၂ဆတိုးလာတာကြောင့် အရမ်းဆိုးဝါးလှတာတော့ မဟုတ်ပါဘူး။

ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နှစ်ယောက်ကြားမှာ သွေးဆိုးသွေးညစ်တွေ လုံးဝမရှိဘူးဆိုတာ ၁၀၀% သေချာပြီး သူတို့ကလည်း တခြားဆုရတာတွေလိုပဲ စိတ်လှုပ်ရှားနေမယ်ဆိုတာ သေချာပါတယ်။ ဒါ့အပြင် တခြားစကာတင်စာရင်ဝင်သူတွေဖြစ်တဲ့ DNCE ၊ Alessia Cara နှင့် The Chainsmokers တို့ကိုလည်း အနိုင်တိုက်ရဦးမှာပါ။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV