Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man အဖြစ်ရွေးချယ်ခံရတာကို Instagram မှာတွေ့မှသိတဲ့ Tom Holland

Spider-Man အဖြစ်ရွေးချယ်ခံရတာကို Instagram မှာတွေ့မှသိတဲ့ Tom Holland

| No comment

ဟောလီးဝုဒ်အတွက် အတန်အသင့်လူသစ်ဖြစ်တဲ့ Tom Holland ဟာ ဒေါ်လာ ၄ ဘီလီယံတန် Spider-Man ဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကို ဦဆောင်ဖို့ပြင်ဆင်ရင်း ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်နေပါတယ်။ The Hollywood Reporter နှင့် အင်တာဗျူးသစ်မှာ ဒီဇာတ်ကောင်က ရုပ်ပြစာအုပ်သမိုင်းထဲမှာ ရာစုနှစ်ပေါင်းများစွာကတည်းက အခြေတည်ခဲ့ပေမယ့် ပရိသတ်အချစ်တော် စူပါဟီးရိုးကို အောက်တိုဘာလက ရိုက်ကူးရေးပြီးသွားတဲ့ ဇာတ်ကားထဲမှာ အသစ်အဆန်းတွေ ယူဆောင်လာပေးချင်တယ်လို့ လန်ဒန်မြို့ခံကပြောပြခဲ့ပါတယ်။

ဒါရိုက်တာ Jon Watts ရိုက်ကူးပြီး Holland ခေါင်းဆောင်ပါဝင့်မည့် Spider-Man: Homecoming ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်ထိ စောင့်ရဦးမှာဖြစ်ပေမယ့် အသက် ၂၀ အရွယ်မင်းသားက Marvel Avengers အဖွဲ့ကြီးနှင့်ပူးပေါင်းပြီး Spidey ကို လှည်ကွက်အသစ်တွေထည့်ဖို့ ရည်ရွယ်ထားပါတယ်။

“ဘီလီယံနာကိုလည်း တွေ့ပြီးပြီ၊ သိပ္ပံပညာရှင်ကိုလည်း တွေ့ပြီးပြီ၊ စစ်သားကိုလည်း တွေ့ပြီးပြီ အခုတော့ ကောင်လေးကို တွေ့ဖို့အချိန်တန်ပြီလေ။ ရိုက်ကွင်းပေါ်မှာ ကျွန်တော်တို့ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက ဒီလိုအခြေအနေမျိုးမှာဆိုရင် ကောင်လေးတစ်ယောက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အခြေခံထားတဲ့အတွက် တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတိုင်းက အတတ်နိုင်ဆုံး ကလေးနှင့်သင့်တော်တဲ့ပုံစံဖြစ်အောင် ဖန်တီးထားတယ်။

 ဒါကြောင့် သူကဘယ်သူ့ကိုမှ လက်သီးနဲ့ တကယ်မထိုးဘူး။ အားလုံးက မတော်တဆဖြစ်တာတွေချည်းပဲ။ အကြီးမားဆုံးကွာခြားချက်ကတော့ သူ့ရဲ့ ငယ်ရွယ်ခြင်းနဲ့ ရိုးသားမှုပါပဲ” လို့  Holland ကပြောပြပါတယ်။
J.A Bayona ရဲ့ ၁၀၁၂ ခုနှစ်ကထွက်တဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်း The Impossible မှာပါဝင်ခဲ့ပြီးနောက် Holland က သူ့ရဲ့ပထမဆုံး ဟောလီဝုးဒ်ဇာတ်ကားကြီးဖြစ်တဲ့ Ron Howard ရဲ့ ၂၀၁၅ ခုနှစ်ကထွက်ခဲ့တဲ့ In The Heart of the Sea မှာပါဝင်ခဲ့ရပါတယ်။  အနုပညာလောကမှာ အလျင်အမြန်တက်လာတဲ့ ကြယ်တစ်ပွင့်ဖြစ်ပေမယ့် Homecoming ဇာတ်ကားအတွက် အလွန်ခက်ခဲတဲ့ လူရွေးပွဲကို ဖြတ်သန်းခဲ့ရပါသေးတယ်။

“ကျွန်တော်တို့ ကင်မရာဆန်းသပ်မှုလုပ်တော့ လူရွေးပွဲဝင်ဖို့အခန်းထဲမှာ စောင့်နေတဲ့သူ ၆ ယောက်ရှိတယ်။ The Hunger Games လိုပဲခံစားရတယ်။ တကယ်ကို ထူးဆန်းတဲ့အခြေအနေပဲ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေအကုန်လုံးက ဒီဇာတ်ကောင်းကို အရမ်းအရမ်းလိုချင်တဲ့သူတွေချည်းပဲလေ။ သူတို့ကတော့ ‘မနက်ဖြန် အကြောင်းပြန်ပါ့မယ်’ လို့ပြောသွားတယ်။ နောက်တော့ တစ်လလောက်ကြာမှ ဆုံးဖြတ်ချက်ကို သိရတယ်” လို့ Holland က ရယ်မောပြီးပြောပါတယ်။

သူ့ရဲ့သေချာလေ့ကျင့်ထားတဲ့ ကျွမ်းဘားသမားတစ်ယောက်ဖြစ်တဲ့ ဇာတ်ကောင်ရဲ့လှုပ်ရှားမှုကို အတုခိုးပြီးတော့ တစ်ပတ်ကျွမ်းထိုးတာတွေ လှိမ့်သွားတာတွေ အရည်အချင်းတွေကို ပြသထားတဲ့ လုရွေးပွဲဝင်တိပ်ခွေကို တင်သွင်းပြီးနောက်မှာတော့ Holland က ဇာတ်ကားထဲမှာပါဖို့ ရွေးချယ်ခံရတယ်ဆိုတာကို လူမှုကွန်ရက်မှာတင်ထားထာကနေ တစ်ဆင့်သိလိုက်ရတာပါ။ “ကျွန်တော် အိပ်ယာထဲမှာလှဲပြီး Instagram ကြည့်နေတာ။ လုရွေးပွဲဝင်ထားတာ တစ်လလောက်ရှိနေပြီလေ။ Spider-Man အသစ်က ဘယ်သူဖြစ်တယ်ဆိုတာကို website မှာသွားကြည့်လိုက်ပါဆိုပြီး Marvel က ဓာတ်ပုံတစ်ပုံတင်ထားတယ်။ ကျွန်တော်လည်း ကွန်ပြူတာနဲ့ Marvel website ကိုဝင်ကြည့်လိုက်တော့ Spider-Man အသစ်က Tom Holland ဖြစ်ပါတယ်ဆိုပြီး ရေးထားတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားပြီး လုံးဝကို အရူးအမူးဖြစ်သွားတယ်” လို့  Holland ကပြောပြပါတယ်။

သူ့ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေရဲ့ တုံ့ပြန်မှုကလည်း တူတူပဲဖြစ်မယ်လို့ ယူဆရပြီး Homecoming ဇာတ်ကား အောင်မြင်ရင် Holland က နောက်ထပ် Spider-Man ဇာတ်ကား ၃ ကား စာချုပ်ချုပ်ထားပါသေးတယ်။

“သူတို့က ရွေးချယ်စရာတွေပေးတယ်။ ဒါတွေက လေ့ကျင့်ခန်းလုပ်သလိုလည်းဖြစ်နိုင်တယ်လေ။ Avengers ဇာတ်ကားထဲမှာ ဧည့်သည်အဖြစ်ပါသလိုပေါ့။ ဘယ်ဇာတ်ကားဖြစ်မယ်ဆိုတာတော့ မသေချာသေးပါဘူး။ ကျွန်တော်သိတာကတော့ Spider-Man ဇာတ်ကား ၃ ကားနဲ့ တစ်ကိုယ်တော်ဇာတ်ကား ၃ ကား စာချုပ်ချုပ်ထားတယ်။ ဒါပေမယ့် တခြားဇာတ်ကားရိုက်စရာရှိရင်လည်း Marvel က ရှောင်ပြီးလုပ်တာအရမ်းတော်တယ်။ သူတို့က ကိုယ့်ဘဝကိုလည်း တစ်ကယ်လေးစားပေးတယ်။ တခြားဇာတ်ကားတွေလည်း ရိုက်ဖို့ရှိတယ်ဆိုတာကို နားလည်ပေးပြီး ရှောင်ပြီးရိုက်လို့ရအောင် ကြိုးစားပြီးပြင်ပေးတယ်” လို့  Holland ကပြောပြပါတယ်။

Michael Keaton၊ Zendaya၊ Logan Marshall-Green၊ Donald Glover၊ Marisa Tomei နှင့် Robert Downey Jr. တို့လည်းပါဝင်ထားတဲ့ Spider-Man: Homecoming ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz