Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Star War ဇာတ်ကားထဲမှာ Kylo Ren အဖြစ်သရုပ်ဆောင်ဖို့ လူရွေးပွဲဝင်ခဲ့ဖူးတယ်ဆိုတဲ့ Eddie Redmayne

Star War ဇာတ်ကားထဲမှာ Kylo Ren အဖြစ်သရုပ်ဆောင်ဖို့ လူရွေးပွဲဝင်ခဲ့ဖူးတယ်ဆိုတဲ့ Eddie Redmayne

| No comment

J.K Rowling ရဲ့ မှော်ဆရာလောကကိုဝင်လာမည့်အစား Eddie Redmayne က Galaxy far, far away ကိုထွက်သွားတော့မလိုဖြစ်ခဲ့တာပါ။

Fantastic Beast and Where To Find Them သရုပ်ဆောင်က Star War: The Force Awaken ဇာတ်ကားအတွက် လွန်ခဲ့တဲ့ ၂နှစ်က လူရွေးပွဲဝင်ခဲ့ဖူးကြောင်းကို ဗီလိမ်ဇာတ်ရုပ်အတွက် “ကပ်ဆိုက်သလိုဆိုးဝါးတဲ့” လူရွေးပွဲဝင်ခဲ့ဖူးတယ်လို့ပြောပြခဲ့ပါတယ်။ အခုတော့ Redmayne က Uproxx နှင့် အင်တာဗျူးမှာ ဖွင့်ဟလိုက်ပါတယ်။

Domhnall Gleeson ရသွားတဲ့ Hux အဖြစ်လူရွေးပွဲဝင်ရမည့်အစား Adam Driver ရဲ့ ရက်စက်တဲ့ Kylo Ren အဖြစ်လူရွေးပွဲဝင်ခဲ့ကြောင်း Redmayne ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူတို့က Star Trek ကဇာတ်ကွက်လိုမျိုး ဒါမှမဟုတ် Pride and Prejudice ကလိုမျိုးတစ်ခုခုပေးတယ်။ ထိပ်တန်းလျှို့ဝှက်ချက် ရုပ်ရှင်ဖြစ်တဲ့အတွက် တကယ့်စာသားအစစ်တွေ မပေးဘူးလေ။ ဒီတော့ Pride and Prejudice က ဇာတ်ကွက်တစ်ကွက်ပေးတယ်။ ဒါပေမယ့် နောက်တော့ သူတို့ပြောတာက မင်းက လူဆိုးနေရာက လူရွေးခံရမှာတဲ့။ မင်းသာငါ့နေရာမှာဆိုရင် ထူးထူးဆန်းဆန်းအသံတွေ ထည့်သုံးပေတော့တဲ့လေ” လို့ Redmayne ကပြောပြခဲ့ပါတယ်။

Redmayne က သူဘယ်လိုကြိုးစားကြိုးစား အဆင်ပြေပုံမပေါ်ကြောင်းလည်း ထပ်မံပြောပြခဲ့ပါတယ်။

“တကယ့်ကို ရယ်ရတဲ့အခြေအနေပါပဲ။ လူရွေးတဲ့သူက ကျွန်တော့်ကို ဇာတ်ကားတွေအများကြီးမှာပါဖို့ ရွေးခဲ့တဲ့၊ ကျွန်တော် ကျေးဇူးတင်ရမယ့် Nina Gold ဖြစ်နေလို့ပါ။ သူက ဒီတိုင်းထိုင်နေပြီး ကျွန်တော်ကတော့ Darth Vader အသက်ရှူသံလိုအသံတွေကို ထပ်ခါထပ်ခါ ပုံစံအမျိုးမျိုးနဲ့ စမ်းကြည့်ပါတယ်။ ၁၀ ကြိမ်လောက်လည်းပြီးရောသူက ‘နောက်ထပ်ရှိသေးလား’ လို့မေးတော့ ကျွန်တော်လည်း ‘မရှိတော့ပါဘူး’ လို့ပြောလိုက်တယ်” လို့ဆက်လက်ပြောပြပါတယ်။

ဒါကတော့ Redmayne ပထမဆုံးပြောပြတဲ့ ရှက်ဖို့ကောင်းတဲ့ လူရွေးပွဲဇာတ်လမ်းမဟုတ်သေးပါဘူး။ မနှစ်ကလည်း The Hobbit ဇာတ်လမ်းတွဲအတွက် Bilbo Baggins အဖြစ်လူရွေးပွဲဝင်ခဲ့ကြောင်းနှင့် အံ့အားသင့်လောက်အောင် မရခဲ့ကြောင်းပြောပြခဲ့ပါသေးတယ်။

ဒါပေမယ့်လည်းနောက်ဆုံးမှာတော့ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲမှာ နေရာတစ်နေရာရခဲ့ပါတယ်။ Fantastic Beast and Where To Find Them ဇာတ်ကား နိုဝင်ဘာလ ၁၈ ရက်မှာ ရုံတင်တဲ့အခါမှာတော့ Newt Scamander အဖြစ်ပွဲဦးထွက်တွေ့မြင်ရမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW