ဂျက်စတင်ဘီဘာကတော့ တိုရွန်တိုက ဘားတစ်ခုမှာ ပရိသတ်တွေကို အမှတ်မထင် ဖျော်ဖြေခဲ့ပါတယ်။
ဘားက စန္ဒယားနဲ့အတူ အမှတ်မထင် ဖျော်ဖြေခဲ့တာဖြစ်ပြီး သူ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Sorry အပြင် တစ်ခြားသီချင်းတွေကိုလည်း သီဆိုသွားခဲ့တယ်လို့ သိရပါတယ်။
“Let Me Love You” သီချင်းနဲ့ လတ်တလော အောင်မြင်မှုတွေ ရယူထားခဲ့တဲ့ ဘီဘာကတော့ သူ့ရဲ့ “Purpose Tour” ဆွယ်တာမီးခိုးရောင်ကို ဝတ်ဆင်ထားပြီး ပရိသတ်တွေနဲ့ အပေးအယူမျှမျှ ဖျော်ဖြေနိုင်ခဲ့တာကို တွေ့ရပါတယ်။
အခုလို ဖျော်ဖြေမှုမှာတော့ ဘီဘာဟာ Beatles ရဲ့ “Let It Be” , One Republic အဖွဲ့ရဲ့ “Apologize” နဲ့ Ludwig van Beethoven ရဲ့ “Fur Elise” တေးသွားတွေကို cover ပြန်ပြုလုပ်ပြီးတော့လည်း ဖျော်ဖြေခဲ့ပါတယ်။
JB ကတော့ MTV EMAs ဆုပေးပွဲမှာလည်း ဆုတွေကို ဆွတ်ခူးနိုင်ခဲ့လို့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့လည်း သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။
( Beauty Syh )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Aceshowbiza