Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift ရဲ့ Bad Blood သီချင်းကို ကြော်ငြာဗီဒီယိုမှာ မျက်နှာပြောင်ခဲ့တဲ့ Drake

Taylor Swift ရဲ့ Bad Blood သီချင်းကို ကြော်ငြာဗီဒီယိုမှာ မျက်နှာပြောင်ခဲ့တဲ့ Drake

| No comment


Apple Music အတွက် ကြော်ငြာတစ်ခုမှာ ပါဝင်ထားတဲ့ Drake ဟာ Taylor Swift ရဲ့ Bad Blood သီချင်းကို ပြောင်တဲ့ အကွက်တွေ လုပ်ထားတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။
Drake အနေနဲ့ ဒီဗီဒီယိုမှာ Gym ဆော့နေတဲ့ ပုံစံနဲ့ အစပျိုးထားခဲ့ပါတယ်။ အဲ့ဒီနောက် Taylor Swift ရဲ့ သီချင်းကို Apple Music ကနေဖွင့်ခဲ့ပြီး သူကိုယ်တိုင်လည်း လိုက်ဆိုနေခဲ့ပါတယ်။ တချို့မရတဲ့အပိုင်းတွေကိုလည်း “ဝါးချ” ပြီးဆိုနေခဲ့တာပါ။


အဲ့ဒီနောက်မှာတော့ သူဟာ အလေးမတဲ့နေရာကိုသွားပြီး အလေးကို မနိုင်မနင်းမရာမှာ ချော်ထွက်ပြီး စင်ပေါ်ကနေ ကိုးယို့ကားယားပြုတ်ကျတဲ့ပုံနဲ့ အဆုံးသတ်ထားတာပါ။ ဒီလိုပုံစံမျိုးကို Taylor Swift ကိုယ်တိုင်လည်း Drake သီချင်းနားထောင်ရင်း ပြေးစက်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ဗီဒီယိုပြုလုပ်ခဲ့ဖူးပြီး ယခုတစ်ဖန် Drake က ဒုတိယမြောက်အနေနဲ့ ထွက်လာတာပါ။







( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV