Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အချမ်းသာဆုံး အသက် ၃၀ အောက် UK အနုပညာရှင်များစာရင်းတွင် Adele ထိပ်ဆုံးကပါဝင်

အချမ်းသာဆုံး အသက် ၃၀ အောက် UK အနုပညာရှင်များစာရင်းတွင် Adele ထိပ်ဆုံးကပါဝင်

| No comment

အရာရာမှာ နံပါတ် ၁ဖြစ်နေတဲ့ Adele ဟာ နောက်ထပ်စာရင်းတစ်ခုဖြစ်တဲ့ အချမ်းသာဆုံး အသက် ၃၀ အောက် UK အနုပညာရှင်များစာရင်းတွင် ထိပ်ဆုံးကပါဝင်လာပြန်ပါတယ်။

 ဗြိတိန်ရဲ့ Heat မဂ္ဂဇင်းအရ အသက် ၂၈ နှစ်အရွယ် အဆိုတော်ဟာ လွန်ခဲ့တဲ့နှစ်ကထက် သုံးနေရာခုန်တက်လာပြီး ထိပ်ဆုံးနေရာကို ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ ဒေါ်လာ ၄၇သန်းရဲ့ ၂ဆထက်ပိုတဲ့ ဒေါ်လာ ၁၁၄ သန်းနီးပါးနှင့် ရရှိခဲ့ပါတယ်။

The Celebrity မဂ္ဂဇင်းရဲ့ နှစ်စဉ်ထွက်ရှိတဲ့ ချမ်းသာသူများစာရင်းကို သီချင်းခွေ၊ ရေမွှေး ရောင်းချမှု၊ ရုပ်ရှင်နှင့် TV  ကြော်ငြာများကို ရေတွက်ထားတဲ့ ဖော်မြူလာသုံးပြီး တွက်ချက်တာဖြစ်ပါတယ်။

အံ့အားသင့်စရာမရှိတာကတော့ Harry Potter မင်းသားဟောင်း Daniel Radcliffe အသက် ၂၇နှစ်က ဒုတိယနေရာမှာ ဒေါ်လာ ၉၁.၆သန်းနှင့် တစ်ယောက်တည်းရပ်တည်နေပြီး၊ တတိယနေရာမှာတော့ မျက်နှာသစ်ဖြစ်တဲ့ Ed Sheeren က ၂၀၁၄ ခုနှစ်က X ထွက်ပြီးကတည်း တစ်ကိုယ်တော်သီချင်းသစ်မထွက်ခဲ့ပေမယ့် ဒေါ်လာ ၅၅.၈သန်းနီးပါးနှင့် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာပါတယ်။

ဒီမဂ္ဂဇင်းက ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၁၀ ယောက်ဝင်ခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်းတွေကိုလည်း တစ်ယောက်စီခွဲပြီးဖော်ပြခဲ့ပါတယ်။

စာရင်းကတော့:

(၁) Adele ၊ ၂၈ နှစ် (ဒေါ်လာ ၁၁၄ သန်း)
(၂) Daniel Radcliffe ၊၂၇နှစ် (ဒေါ်လာ ၉၁.၆သန်း, Harry Potter)
(၃) Ed Sheeren ၊၂၅နှစ် (ဒေါ်လာ ၅၅.၈သန်း)
(၄) Zayn Malik ၊၂၃နှစ် (ဒေါ်လာ ၄၇.၁သန်း)
(၅) Harry Styles ၊၂၂နှစ် (ဒေါ်လာ ၄၅.၈သန်း)
(၆) Emma Watson ၊၂၆နှစ် (ဒေါ်လာ ၄၃.၃သန်း, Harry Potter)
(၇) Liam Payne ၊ ၂၃နှစ် (ဒေါ်လာ ၄၂.၁သန်း)
(၈) Niall Horan ၊၃၄နှစ် (ဒေါ်လာ ၄၂.၁သန်း)
(၉) Louis Tomlison ၊၂၄နှစ် (ဒေါ်လာ ၄၀.၉သန်း)
(၁၀) Rupert Grint ၊၂၈နှစ်(ဒေါ်လာ ၃၅.၉သန်း, Harry Potter)


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard