၂၀၁၇ ခုနှစ်မှာတော့ “Logan” , “Wonder Woman” , “Spider-Man: Homecoming” နဲ့ “Justice League” တို့လို စူပါဟီးရိုးဇာတ်ကားကောင်းတွေ ထွက်လာတော့မှာပါ။ အဲ့ဒီလိုပဲ DreamWorks animation ကုမ္ပဏီက ထုတ်လုပ်တဲ့ ဟီးရိုးသစ် Captain Underpants ကလည်း စူပါဟီးရိုးရုပ်ရှင်တွေကြားမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။
အနည်းငယ် ဟာသဆန်မယ့် ကာတွန်းစူပါဟီးရိုးကတော့ ဟာသ သရုပ်ဆောင် Ed Helms က အသံသရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
စူပါဟီးရိုးရဲ့ ပထမဆုံးဓာတ်ပုံကတော့ လောလောဆယ် အွန်လိုင်းမှာပျံ့နှံ့လာလျက်ရှိပြီး Entertainment Weekly မှာ စတင်ပြီး Captain Underpants ရဲ့ ဓာတ်ပုံတွေက စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
Captain Underpants ဇာတ်ကောင်ရဲ့ ပေါသွပ်မှုကတော့ level အမြင့်ဆုံးမှာရှိနေနိုင်တယ်လို့ ဒါရိုက်တာ ဒေးဗစ်ဆိုရန်က ပြောကြားခဲ့ပါတယ်။ “Captain Underpants ဇာတ်ကောင်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး ဟီးရိုးတစ်ယောက်လို့ ထင်နေတဲ့ ပုံစံမျိုးပါ။ တကယ်တော့ သူက ဘာစွမ်းအင်မှ မရှိတဲ့ အသက်အလယ်အလတ်လူတစ်ယောက်ဖြစ်နေတာပေါ့” လို့ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂ ရက်နေ့ ၂၀၁၇ မှာ စတင်ပြီး Captain Underpants ဇာတ်ကားကို ရုံတင်ပြသသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး အသံသရုပ်ဆောင်တွေအနေနဲ့ Ed Helms အပါအဝင် Nick Kroll, Kevin Hart, Jordan Peele နဲ့ Thomas Middleditch တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
( Mocha )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Aceshowbiz