Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သားလေးရဲ့ နာမည်ကို ထုတ်ဖော်ခဲ့တဲ့ Ashton Kutcher နဲ့ Mila Kunis

သားလေးရဲ့ နာမည်ကို ထုတ်ဖော်ခဲ့တဲ့ Ashton Kutcher နဲ့ Mila Kunis

| No comment


ဟောလီးဝုဒ်အကျော်အမော် စုံတွဲဖြစ်တဲ့ Ashton Kutcher နဲ့ Mila Kunis တို့ဟာ မိသားစုထဲကို အသစ်ဝင်ရောက်လာတဲ့ သားလေးရဲ့အမည်ကို Dmitri Portwood Kutcher လို့အမည်ပေးလိုက်ကြောင်း သိရပါတယ်။

Kutcher ဟာ ဒီအကြောင်းကို သူ့ဝက်ဘ်ဆိုက်ကနေ ထုတ်ဖော်ခဲ့တာဖြစ်ပြီး အလေးချိန် ၈ပေါင် ၁၅အောင်စရှိတဲ့ Dmitri ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

ကလေးရဲ့ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ Dmitri ဟာ စုံတွဲရဲ့ ဒုတိယမြောက် ကလေးဖြစ်ကာ အစ်မဖြစ်သူ Wyatt ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက မွေးဖွားခဲ့ပါတယ်. Kunis နဲ့ Kutcher တို့ဟာ “That ’70s Show” မှာအတူတကွ သရုပ်ဆောင်ခဲ့ကြပြီး ၂၀၁၅၊ ဇူလိုင်မှာ လက်ထပ်ခဲ့ကြပါတယ်။

( U Min Thant )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : CTV

Ref: CTV News