Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Beyonce ရဲ့ ‘Lemonade’ အယ်လ်ဘမ်ကို ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးအယ်လ်ဘမ်အဖြစ် Rolling Stone သတ်မှတ်

Beyonce ရဲ့ ‘Lemonade’ အယ်လ်ဘမ်ကို ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးအယ်လ်ဘမ်အဖြစ် Rolling Stone သတ်မှတ်

| No comment

၂၀၁၇ ခုနှစ်ကို မစတင်ခင် ရက်သတ္တပတ် အနည်းငယ်သာလိုတော့ချိန်မှာ Rolling Stone က ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်ပြီး Beyonce ရဲ့ ‘Lemonade’ ကို ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

HBO မှာ ပွဲဦးထွက်ပြသခဲ့တဲ့ စမ်းသပ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်တဲ့ ဒီအယ်လ်ဘမ်ကို အလိုလိုသိခြင်း၊ ငြင်းပယ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်မဝင်စားခြင်း၊ လစ်ဟာခြင်း၊ တာဝန်ရှိခြင်း၊ ပြုပြင်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ရှင်သန်ထမြောက်ခြင်း၊ မျှော်လင့်ချက်နှင့် အဖတ်ဆယ်ခြင်းဆိုပြီး ၁၁ ပိုင်းခွဲထားပါတယ်။

 ဖောက်ပြန်ခြင်းအကြောင်းအရာကို အသားပေးထားတာဖြစ်တဲ့အတွက် Queen Bey က ခင်ပွန်းဖြစ်သူ Jay Z နှင့် “Becky with the good hair” ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ဆိုထားတာဖြစ်မယ်လို့ အများကခန့်မှန်းခဲ့ကြပေမယ့် ကောလဟာလတွေနှင့် ပတ်သက်ပြီး Bey နှင့် Jay Z တို့က ဘာမှမပြောခဲ့ကြပါဘူး။


“Bey ရဲ့ ဂီတစွမ်းပကားကျေးဇူးကြောင့် စိတ်ထိခိုက်မှုတွေနှင့် နိုင်ငံရေး အပျက်အစီတွေကြားမှာ ‘Lemonade’ က မျှော်လင့်ချက် သင်္ကေတဖြစ်လာပါတယ်” လို့ Rolling Stone က “50 Best Album of 2016” မှာ ရေးသားထားပါတယ်။

RS ရဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာရပ်တည်နေတာကတော့ ဇန်နဝါရီလထဲမှာ အယ်လ်ဘမ် ထွက်ပြီးနောက် ရက်အနည်ငယ်အကြာမှာ သေဆုံးသွားတဲ့ David Bowie ရဲ့ နောက်ဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “Blackstar” ဖြစ်ပါတယ်။ “ “Blackstar” လိုမျိုး နှုတ်ဆက်ခွဲခွာသွားတဲ့ တေးဂီတမျိုးမရှိခဲ့ဖူးပါဘူး။ အရဲ့ရင့်ဆုံးနဲ့ အထင်ရှားဆုံး ဖျော်ဖြေမှုကို နောက်ဆုံး ကားလိပ်ကျသွားတဲ့အချိန်ထိ ထိန်းသိမ်းထားခဲ့တာပါ” လို့ RS က ရေးသားထားပါတယ်။

ထိပ်ဆုံး ၅ ခု ဝင်တဲ့သူတွေကတော့ နံပါတ် 3 နေရာမှာ Chance the Rapper ရဲ့ “Coloring Book” ၊ နံပါတ် ၄ နေရာမှာ Car Seat Headrest ရဲ့ “Teens of Denial” နှင့် နံပါတ် ၅ နေရာမှာFrank Ocean ရဲ့ “Blonde”တို့ဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET canada