၂၀၁၆ ဟာ စာဖတ်သူတို့အတွက် အချစ်ရေးကံမကောင်းဘူးလို့ ထင်နေရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ သင်တို့နဲ့အတူပဲ အချစ်ရေးကံမကောင်းလို့ လမ်းခွဲလိုက်ကြရတဲ့ ကမ္ဘာကျော်စုံတွဲတွေလည်း အများကြီးရှိပါသေးတယ်။ ဒီလို လမ်းခွဲလိုက်မှုတွေဟာ သတင်းတော်တော်များများရဲ့ ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပြီး သံယောဇဉ်မြဲပါတယ်ဆိုတဲ့ အတွဲတွေလည်း ၂၀၁၆ ခုနှစ်အတွင်းမှာ လက်တွဲဖြုတ်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။
၁. ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီ
ဟုတ်ပါတယ်။ သူတို့ရဲ့ လက်တွဲဖြုတ်လိုက်မှုဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် အံ့သြစရာဖြစ်ခဲ့ပြီး ကြာရှည်တဲ့ အိမ်ထောင်ရေးတစ်ခု အဆုံးသတ်သွားတာကြောင့် နှမြောတသလည်း ဖြစ်ခဲ့ကြပါတယ်။ ၁၂ နှစ်ကြာလက်တွဲခဲ့ပြီး တက်ညီလက်ညီနဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးလေးတွေကို မွေးစားခဲ့တဲ့ ဒီစုံတွဲရဲ့ ဇာတ်သိမ်းကိုတော့ တေးသံရှင် Adele က “ခေတ်တစ်ခေတ်ကုန်သွားသလိုပဲ” လို့ ပြောကြားခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကတော့ Mr. & Mrs. Smith ဇာတ်ကားထဲကလို ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။
၂. ရီဟားနားနဲ့ Drake
သူတို့နှစ်ယောက်လုံးက အတည်တွဲခဲ့တာမဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပျော်တွဲဖို့သာ သဘောထားခဲ့ကြတာပါ။ Drake ကတော့ သူ့အသက် ၂၂ နှစ်တည်းက ရီဟားနားကို ကြိတ်ကြွေခဲ့တာလို့ ပြောပါတယ်။ သူတို့နှစ်ယောက်ကတော့ Couple Tattoo တောင် ထိုးလိုက်ပါသေးတယ်။ လမ်းခွဲပြီးတဲ့အချိန်မှာတော့ Drake က တေလာဆွစ်ဖ်ကို ချိန်နေပါသတဲ့။
၃. ကယ်လ်ဗင်ဟားရစ်နဲ့ တေလာဆွစ်ဖ်
၂၀၁၅ ခုနှစ် နှစ်ယောက်လုံးစတွဲတုန်းက ရိုအဆန်ဆုံးအတွဲဖြစ်ခဲ့ပါတယ်။ ၁၅ လကြာမြင့်ခဲ့တဲ့ RS ကတော့ ထုံးစံအတိုင်း တေလာဆွစ်ဖ်ဖက်က စပြီး ဖြတ်သွားခဲ့တာလို့ သိရပါတယ်။ ကယ်လ်ဗင်ကတော့ တေလာ့ကို နားမလည်နိုင်ဖြစ်ခဲ့ပြီး “This is What You Came For” ဆိုတဲ့ သီချင်းကိုတောင် ထုတ်လုပ်ခဲ့ပါတယ်။ တေလာကတော့ ကယ်လ်ဗင်နဲ့ ပြတ်ပြီးမကြာခင်မှာပဲ မင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့ တွဲခုတ်သွားခဲ့ပါတယ်။
၎. ဘရွတ်ကလင်းဘက်ခမ်းနဲ့ ခလိုဝီဂရေ့စ်မောရက်ဇ်
ဘက်ခမ်းရဲ့ သားအကြီးဆုံးကတော့ ဆယ်ကျော်သက်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခလိုဝီဂရေ့စ်မောရက်ဇ်နဲ့ တွဲခုတ်ခဲ့ပါတယ်။ လအတော်ကြာတွဲခဲ့ကြပြီး Disneyland ကိုတောင် အတူတူသွားရောက်ခဲ့ပါသေးတယ်။ နွေမတိုင်ခင်မှာပဲ သူတို့ရဲ့ အချစ်ရေးက အဆုံးသတ်သွားခဲ့ပါတယ်။ ဘရွတ်ကလင်းရဲ့ မိန်းကလေးပရိသတ်အများစုကတော့ ဒီသတင်းကို သိသိချင်း ဝမ်းသာလုံးဆို့ခဲ့ကြတယ်လို့ သိရပါတယ်။
၅. တွမ်ဟစ်ဒယ်လ်စတန်နဲ့ တေလာဆွစ်ဖ်
တေလာတစ်ယောက် ကယ်လ်ဗင်ဟားရစ်နဲ့ ပြတ်ပြီးမကြာခင်မှာပဲ ဗြိတိန်မင်းသားနဲ့ ကမ်းခြေမှာ နမ်းရှိုက်နေတဲ့ ဓာတ်ပုံတွေက ပျံ့နှံ့လာခဲ့ပါတယ်။ တွမ်နဲ့တွဲရတာအရမ်းပျော်ပါတယ်ဆိုတဲ့ တေလာတစ်ယောက်ကတော့ တွမ့်ကို တွဲပြီး တစ်လကျော်အကြာမှာပဲ လမ်းခွဲလိုက်ပြန်ပါတယ်။
( Mocha )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : MTV