Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သီချင်းသစ်တွေထွက်ရှိနိုင်ဖို့ အားစိုက်နေတဲ့ ကေတီပယ်ရီ

သီချင်းသစ်တွေထွက်ရှိနိုင်ဖို့ အားစိုက်နေတဲ့ ကေတီပယ်ရီ

| No comment

ကေတီ့ဖန်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ကေတီပယ်ရီဟာ သူမရဲ့ သီချင်းသစ်တွေအတွက် အာရုံစိုက်နေပြီး စတူဒီယိုတွင်းမှာ အသံသွင်းမှုတွေကို အားထည့်ပြုလုပ်လျက်ရှိနေလို့ပါ။ ပယ်ရီဟာ သူမရဲ့ Instagram အကောင့်မှာ ဗီဒီယိုတိုလေးနှစ်ခုတင်ထားခဲ့တာဖြစ်ပြီး သူမဟာ စတူဒီယိုတွင်းမှာ သီချင်းတွေကို အားစိုက်ပြုလုပ်နေတဲ့ ပုံပါပဲ။

သီချင်းသစ်တွေကို ၂၀၁၆ တွင်းမှာ ပြင်ဆင်ထားပြီး လာမယ့် ၂၀၁၇ မှာ အကောင်းဆုံးအနေအထားနဲ့ အယ်လ်ဘမ်သစ်ကို ကေတီတစ်ယောက် ဖြန့်ချိမယ့် ပုံပါပဲ။ ဒီအယ်လ်ဘမ်တွင်းမှာတော့ တူရိယာ တီးခတ်မှုတွေကို အသားပေးထည့်သွင်းသွားဖွယ်ရှိနေတဲ့ ပုံပါပဲ။


ဂီတပိုင်းလှုပ်ရှားမှုတွေ ကြန့်ကြာနေခဲ့တဲ့ ကေတီပယ်ရီဟာ နောက်ထပ်အယ်လ်ဘမ်အတွက် အရင်နဲ့ကွဲထွက်နေတဲ့ သီချင်းပုံစံတွေကို ထည့်သွင်းသွားဖွယ်ရှိနေပြီး ပြိုင်ဘက်တွေကို ပြန်လည်ကျော်တက်ဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV