Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ချစ်သူဖြစ်သွားပြီဆိုတာကို အတည်ပြုလိုက်တဲ့ Drake နဲ့ ဂျနီဖာလိုပက်ဇ်

ချစ်သူဖြစ်သွားပြီဆိုတာကို အတည်ပြုလိုက်တဲ့ Drake နဲ့ ဂျနီဖာလိုပက်ဇ်

| No comment


အဆိုကျော် နှစ်ယောက်ဖြစ်တဲ့ Drake နဲ့ ဂျနီဖာလိုပက်ဇ်တို့ကတော့ မကြာသေးခင်က သူတို့နှစ်ယောက် အတူတူ အနုပညာအလုပ်တွေကို ပြုလုပ်ခဲ့တာပါ။

 နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်နောက်ကို သတင်းတွေ တောက်လျှောက်လိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ Instagram မှာ တစ်ယောက်နဲ့တစ်ယောက် ဖက်နေကြတဲ့ ပုံတွေကိုတင်ပြီး သူတို့နှစ်ယောက်ချစ်သူဖြစ်သွားပြီဆိုတာကို အတည်ပြုလိုက်ပါတယ်။



သူတို့နှစ်ယောက်လုံးရဲ့ Instagram မှာ ပုံတစ်ပုံတည်းကိုပဲ အတူတူတင်ထားခဲ့တာဖြစ်ပြီး ဘာမှာတော့ အညွှန်းတပ်ရေးသားထားခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတည်းက သူတို့နှစ်ယောက် ဒိတ်နေကြတယ်ဆိုတဲ့ သတင်ေးတွ စဉ်ဆက်မပြတ်ထွက်ပေါ်လာခဲ့ပြီး နှစ်ယောက်လုံးက အလုပ်အတူတူ လုပ်နေကြတယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။


သူတို့နှစ်ယောက်ကတော့ လာမယ့် ၂၀၁၇ မှာ လက်တွဲဖို့ သေချာသလောက်ရှိသွားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

( Mocha )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : iHeart